ဒီနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားသွားခဲ့ကြတဲ့ဘာစီလိုနာအသင်းနဲ့မန်ချက်စတာယူနိုက်နက်အသင်းတို့ပွဲစဉ်မှာတော့ဘာစီလိုနာအသင်းကအိမ်ကွင်းမှာ(၃-ဝ)ပြတ်အနိုင်ယူပြီးဆီမီးဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါတယ်။ပရိသတ်တွေစိတ်ဝင်အစားဆုံးဖြစ်တဲ့အဆိုပါပွဲဟာပွဲစကတည်းကပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပေမယ့်ဘာစီလိုနာရဲ့တိုက်စစ်တွေကိုဘယ်လိုမှမခုခံနိုင်ပဲဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။

ပထမအကျော့အဝေးကွင်းမှာအနိုင်ရထားတဲ့ဘာစီလိုနာအသင်းဟာအိမ်ကွင်းပွဲမှာလည်းလူစုံတက်စုံကစားခဲ့ပြီးပွဲစကတည်းကဖိအားပေးကစားခဲ့တာပါ။ပွဲကစားချိန်၁၆မိနစ်၊၂၀မိနစ်ကတည်းကဘာစီလိုနာအသင်းဟာမက်ဆီရဲ့သွင်းဂိုး၂ဂိုးနဲ့ဦးဆောင်ခဲ့ပေမယ့်ကျန်ပွဲကစားချိန်တွေမှာလည်းကစားအားမလျော့ပဲဖိအားပေးခဲ့တာဖြစ်ပါတယ်။ 

ဒုတိယပိုင်းပွဲပစမှာလည်းမန်ယူအသင်းဟာခြေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့်ဘာကာအသင်းရဲ့တိုက်စစ်တွေကိုသာရှင်းထုတ်နေခဲ့ရတာဖြစ်ပါတယ်။ပွဲကစားချိန်၆၁မိနစ်မှာတော့ဘာစီလိုနာအသင်းရဲ့နောက်ဆုံးဂိုးကိုကော်တင်ဟိုကသွင်းယူပေးခဲ့ပြီးပွဲအပြီးမှာတော့နှစ်ကျော့ပေါင်း(၄-ဝ)နဲ့ဆီမီးဖိုင်နယ်ကိုတက်ရောက်သွားခဲ့ပါတယ်။ပွဲမကြည့်လိုက်ရတဲ့ပရိသတ်တွေအတွက်လည်းဘာကာအသင်းနဲ့မန်ယူအသင်းတို့ရဲ့ highlights video လေးကိုတင်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

Source - Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။