နာပိုလီအသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် အတွက် အာဆင်နယ်ပရိသတ်တွေကို လုံခြုံရေးအရ ကာကွယ်ပေးဖို့ အီတလီရဲဝန်ထမ်း ၈၀၀ ကျော် ချထားမယ်လို့ သိရပါတယ်။နာမည်ကြီး လူရမ်းကား ပရိသတ်တွေရှိနေတဲ့ နာပိုလီမှာ အာဆင်နယ်ပရိသတ်တွေ အနေနဲ့ သွားရောက်ကြည့်ရှုဖို့ အန္တရာယ်များတာကြောင့် အခုလိုစီစဉ်ပေးထားတာလည်း ဖြစ်ပါတယ်။

မကြာခဏဆိုသလို တိုက်ခိုက်မှုပေါင်းစုံ ပြုလုပ်လေ့ရှိတာကြောင့်နာပိုလီ ပရိသတ်တွေကို လူရမ်းကားတွေအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။နာပိုလီပရိသတ်တွေရဲ့ တိုက်ခိုက်မှုတွေကို အင်္ဂလိပ်အသင်းတွေအနေနဲ့ မကြာခဏ ကြုံတွေ့ခဲ့ရတဲ့ သမိုင်းကြောင်းတချို့လည်း ရှိခဲ့ပါတယ်။

နာပိုလီအသင်းဟာ ပထမအကျော့မှာ အာဆင်နယ်အသင်းကို ၂ဂိုးပြတ်နဲ့ ရှုံးနိမ့််ထားလို့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အလမ်းနည်းနေခဲ့ပါတယ်။ ပရိသတ်အင်အားတောင့်တင်းစွာနဲ့ အိမ်ကွင်းမှာ အာဆင်နယ်ကို တုံ့ပြန်လာမှာသေချာနေပါတယ်။ အာဆင်နယ်အသင်းရဲ့ခေါင်းဆောင် ကိုစီရယ်နီကတော့ နာပိုလီအသင်းကို အနိုင်ရရှိဖို့ သွင်းဂိုး ၁ ဂိုးသာရရှိဖို့လိုအပ်တယ်လို့ ပြောပါတယ်။

source:daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။