ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားမှုတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ ခိုင်နှင်းဝေက ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက် လုပ်ကိုင်နေတဲ့ မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးနေသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ဆင်းရဲနွမ်းပါးသူတွေအတွက် တစ်ထောင့် တစ်နေရာကနေ ကူညီ ပံ့ပိုးပေးနေတဲ့ ခိုင်နှင်းဝေရဲ့ လုပ်ဆောင်ချက်တွေကတော့ အားကျလေးစားဖွယ်ရာပါ။

ယခုလို ပရဟိတလုပ်ငန်းတွေကို ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ မင်းသမီးတစ်ဦးဖြစ်လာတဲ့ ခိုင်နှင်းဝေက ပရိသတ်တွေကြားမှာ လေးစားအားကျစရာ အမျိုးသမီးတစ်ဦးဖြစ်လာပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မြန်မာ သြင်္ကန် ရက်အတွင်းမှာလည်း မင်းသမီးချော ခိုင်နှင်းဝေက ပရိသတ်တွေနဲ့ အတူ တေးသီချင်းတွေ ကို သီဆိုရင်း ပျော်ရွှင်စရာကောင်းတဲ့ သြင်္ကန် ရက်လေးကို ပိုင်ဆိုင်ထားတာကို မြင်တွေ့ရမှာပါ။

ယခုလည်း နှစ်ဆန်းတစ်ရက်နေ့လေးမှာ သူမရရှိထားတဲ့ အနုပညာကြေးလေးနဲ့ တတ်နိုင်သလောက် အလှူဒါနတွေပြုခဲ့တဲ့ ပုံရိပ်တွေကို ပရိသတ်တွေမြင်တွေ့ရမှာပါ။ သူမနဲ့ အတူ သူငယ်ချင်းဖြစ်သူ ခွန်းဆင့်နေခြည်ကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင် အားဖြည့်ပေးခဲ့ပြီး ကုသိုလ်ဒါနတွေများစွာ ပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အားကျ လေးစားဖွယ်ရာ အဖြစ် ပြန်လည်ဝေမျှလိုက်ရပါတယ်။

Source: Khin Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။