မြန်မာနိုင်ငံရဲ့ နှုတ်ခမ်းနီမလေးများကြားမှာ ရေပန်းစားအောင်မြင်လျက်ရှိတဲ့ project k အဖွဲ့ကတော့ ကိုရီးယားဆန်ဆန် ချစ်စရာကောင်းတဲ့ ကောင်လေးခုနစ်ယောက်နဲ့ ဖွဲ့စည်းထားတဲ့ dancers အဖွဲ့ဖြစ်ပါတယ်။ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ အကပြိုင်ပွဲကြီးမှာ မြန်ာမာနိုင်ငံကိုယ်စားပြုအနေနဲ့ အောင်မြင်မှုတွေကို များစွာရရှိထားတာကြောင့် မြန်မာပရိတ်သတ်တွေ ဂုဏ်ယူရတဲ့ မြန်မာအဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ စမတ်ကျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ကိုကို ခုနစ်ယောက်ကတော့ အမိုက်စားသီချင်းလေးတွေနဲ့ ဂီတလောကမှာ အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်နှိုင်ဖို့အတွက် ကြိုးစားနေတဲ့ လူငယ် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ယခုဆိုရင် အများနဲ့မတူတဲ့ ကိုယ်ပိုင်ဖန်တီးမှု ဂီတတွေနဲ့ ပြည့်စုံတဲ့ တေးစီးရီး အယ်ဘမ်အသစ်ကိုလဲ နားဆင်ခံစားခဲ့ကြရမှာပါ။

ပျော်ရွှင်စရာကောင်းတဲ့ သြင်္ကန်အချိန်အခါသမယလေးကို ပရိတ်သတ်တွေနဲ့အတူ ဖြတ်သန်းခဲ့ပြီး ယခုနှစ်ဆန်းတစ်ရက်နေ့လေးမှာ ပရိတ်သတ်တွေအတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းပေးရင်း ရူပဒါန အဖြစ် တစ်ယောက်ချင်းစီရဲ့ အမိုက်စားပုံလေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် စမတ်ကျပြီး ချစ်စရာကောင်းတဲ့ project k အဖွဲ့ရဲ့ ပုံလေးတွေကို ပရိတ်သတ်တွေအတွက်ပြန်လည်ဝေမျှလိုက်ရပါတယ်။

Source:Project K

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။