လီဆူးတိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့ ခင်လေးနွယ်တစ်ယောက် သြင်္ကန်အပြီးမှာ တော့ ခရီးထွက်နေတာပဲဖြစ်ပါတယ်။ တစ်ကိုယ်တည်းအပျိုကြီးဘဝက တကယ်ကို အေးချမ်းတယ်ဆိုတာ သူမက သက်သေပြလို့နေပါတယ်။ တစ်ယောက်တည်းဆိုတော့ လွတ်လွတ်လပ်လပ် သွားချင်သလိုသွား စားချင်သလိုစား ချုပ်ချယ်မယ့်သူလဲမရှိဘူး လေ။ သာသာယာယာပဲ ဆိုတာ Single သမားတွေမှအစစ်။

မကြာခဏဆိုသလို သူငယ်ချင်းတွေနဲ့ ခရီးအတူထွက်တတ်ပြီး ဘဝကိုအေးအေးလူလူ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ စိတ်ပျိုကိုယ်နုဆိုတဲ့အတိုင်းပဲ သူမက အချိန်တွေကြာလေလေ ပိုပိုပြီး နုပျိုလာလေလေပါပဲ။ ကိုယ်ပိုင်စီးပွားရေးလေးထူထောင် လိုက်တာမို့ အနုပညာအလုပ်တွေကို ခဏ စွန့်လွှတ်လိုက်သလိုဖြစ်ပေမယ့် သြင်္ကန် တွင်းမှာတော့ သူမကပရိသတ်တွေကို ပြန်လည်ဖျော်ဖြေခဲ့ပါသေးတယ်။

သြင်္ကန်အပြီးမှာတော့ ခရီးထွက်ပြီး ဆိုင်ကယ်အလန်းစားကြီးနဲ့ အပြတ်တွေဂေါ်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို " သြင်္ကန်ပြီးပြီဆိုတော့ လည်လည်သွားမယ် ဘယ်သူလိုက်မလဲ" ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ အရမ်းတွေဂေါ်နေ မိနေ မိုက်နေတဲ့ လီဆူးတိုင်းရင်းသူ လေး ခင်လေးနွယ်ရဲ့ အလန်းစားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။