ဂီတလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ R ဇာနည်က rock သီချင်းတွေကို အသံပါဝါအားကောင်းကောင်းနဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ဂီတလောကမှာ ကျွမ်းကျင်သူတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

သီချင်းတွေနဲ့ အလှမ်းဝေးခဲ့တဲ့ အဆိုတော် R ဇာနည်က ဂီတလောကထဲကို တစ်ဖန်ပြန်ရောက်လာချိန်မှာလည်း အမာခံပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ သီချင်းတွေအကောင်းဆုံး ဖန်တီးနေသူတစ်ယောက်ဖြစ်ပါတယ်။ ယခုဆိုရင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့ အတူ ပရိသတ်တွေကြားမှာ အားကျရတဲ့ မိသားစုလေးဖြစ်ပါတယ်။

သြင်္ကန် ရက်တွင်းမှာ မိသားစု လေးယောက်အတူတူ ပျော်ရွှင်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေမြင်တွေ့ရမယ့်အပြင် ချစ်စရာကောင်းတဲ့ မိသားစုလေး အဖြစ် ပျော်ရွှင်နေတာကို မြင်တွေ့ရမှာပါ။ ယခု နှစ်ဆန်းတစ်ွနေ့လေးမှာ ဇနီးလေးနဲ့ အတူ အိမ်မှာရှိတဲ့ ဘုရားစင်ကို သန့်ရှင်းရေး ဝိုင်းကူလုပ်ပေးနေတဲ့ R ဇာနည်တို့ ဇနီးမောင်နှံရဲ့ ပုံရိပ်လေးကို ကြည်နူးဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။

Source:Zar Ni Myo Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။