ဂီတလောကမှာ ယခင်ကတည်းကအောင်မြင်မှုတွေများစွာ ပိုင်ဆိုင်ထားတဲ့ အဆိုရှင်တစ်ဦးဖြစ်ပါတယ်။ အနုပညာလောကထဲက နေ ခေတ္တပျောက်ကွယ်သွားခဲ့တဲ့ အေသင်က သူမ ဝါသနာပါပြီး မြတ်နိုးတန်ဖိုးထားရတဲ့ ဂီတလောကထဲကို တစ်ဖန်ပြန်လည်ဝင်ရောက်လာချိန်မှာတော့ ယခင်ကနဲ့ လုံးဝမတူလောက်အောင် ပြောင်းလဲခဲ့တာကိုလည်း မြင်တွေ့ရမှာပါ။

လက်ရှိမှာတော့ ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီး ဘယ်အရာကိုမှ ဂရုမစိုက်ပဲ လောကကြီးကို အံ့တုရင်ဆိုင်မယ့် အေသင်ကို မြင်တွေ့ရမယ့်အပြင် အားလုံးရဲ့ အချစ်တွေိုတစ်ဖန်ပြန်လည်ရရှိထားတဲ့ မေမေတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယခုဆိုရင် ယခင်ကနဲ့ မတူညီတဲ့ ပုံစံလေးနဲ့ သီချင်းအသစ်တွေကို ဖန်တီးရင်း ပရိသတ်တွေရဲ့ နှလုံးသားတွေကို အပိုင်သိမ်းထားတဲ့ အဆိုတော်တစ်ယောက်အဖြစ် မြင်တွေ့ကြရမှာပါ။

ချစ်စရာကောင်းတဲ့ အေသင်ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်တဲ့ Ivy လေးကလည်း အရမ်းကို ချစ်စရာကောင်းပြီး အသည်းယားစရာကောင်းလောက်အောင် အိုက်တင်လေးတွေအမျိုးမျိုးလုပ်တတ်တဲ့ အေသင် ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်ပါတယ်။ ယခုလည်း ဘွားဘွားကို နှိပ်ပေးနေတဲ့ Ivy လေးကို မြင်တွေ့ရမယ့်အပြင် ယခုအရွယ်ကတည်းက ချစ်စရာကောင်းတဲ့ ဘွားဘွားတို့နဲ့ အတူ ဘုရားလိုက်ရှစ်ခိုးနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်။

Source: Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။