Bollywood နဲ့ Hollywood နှစ်ခုလုံးက မင်းသမီးဖြစ်တဲ့ Priyanka Chopra ဟာဆိုရင်တော့ လူကြိုက်များတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ကာ ပရိသတ်ကြီးလဲ အားပေးမယ်လို့ထင်ပါတယ်။ သူမရဲ့မင်္ဂလာဆောင်အခမ်းအနားဟာဆိုရင်လဲ တကယ်ကို့ကြီးကျယ်ခမ်းနားခဲ့ပါတယ်။ မိန်းကလေးတိုင်းအားကျတဲ့ မင်္ဂလာဆောင်တစ်ခုလို့ ပြောရရင်လဲမမှားပါဘူး...သူရဲ့ယောကျ်ားကတော့ ကမ္ဘာကျော်အဆိုတော် Nick Jonas ပဲဖြစ်ပါတယ်။ ခုချိန်မှာဆိုရင်တော့ သူမဟာ Vogue Netherlands မဂ္ဂဇင်းမျက်နှာဖုံးမှာ သူမ မင်္ဂလာဆောင်တုန်းက သတိုသမီးဝတ်စုံကိုဝတ်ကာ ရိုက်ကူးခဲ့ပါတယ်။  

Beautiful In White ဆိုသလို သူမဟာ သတိုသမီးဝတ်စုံနဲ့ လှပနေတာကို ပရိသတ်ကြီးလဲ တွေ့မြင်ရမှာဖြစ်ပါတယ်။ သူမအသက်ဟာ အသက် ၃၆နှစ်ရှိပြီဖြစ်သော်လဲ မိန်းကလေးတွေဆိုတာ အသက် ၃၀ကျော်မှ သူတို့ရဲ့အလှတရားစစ်စစို မြင်ရသလိုပါပဲ မြင်သူငေးလောက်ပါပေတယ်။ Vogue Netherlands ကလဲ Instagram ပေါ်မှာ Chopra ရဲ့ သတိုသမီးဝတ်စုံနဲ့ အလှရိုက်ထားတဲ့ ပုံတွေကို တင်ခဲ့ပါတယ်။ Chopra ဟာလဲ ပြီးခဲ့တဲ့ June လက သူမဟာ ဒီ၁၀နှစ်အတွင်းမှာ ကလေးရချင်တယ်လို့ ပြောပြခဲ့ပါတယ်။   

" အာ့ပါပဲ...ဒီ ၁၀နှစ်အတွင်းမှာ အဲ့ကိစ္စကဖြစ်ပေါ်လာမှာပါ...အဲ့ထက်စောမယ်လို့လဲ ထင်တာပဲ.....ကျွန်မကလေးတွေကိုအရမ်းလဲချစ်သလို ကျွန်မကိုယ်တိုင်လဲ ကလေးလိုချင်ပါတယ် " ဆိုပြီး မဂ္ဂဇင်းတစ်ခုကိုြပောပြခဲ့ပါတယ်။ Nick ရဲ့ချစ်သူဟောင်းတွေကတော့ Lily Collins, Kate Hudson, Olivia Culpo, Selena Gomez နဲ့ Miley Cyrus တို့ပဲဖြစ်ကာ ခုချိန်မှာတော့ Chopra နဲ့အတူ ပျော်ရွှင်စရာ အိမ်ထောင်ကိုဖန်တီးနေပြီပဲဖြစ်ကာ ကလေးယူမယ်ကိစ္စကို ခုချိန်မှာ အလျင်မလိုကြသေးပါဘူး။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။