ပရိသတ်တွေကြီးတို့ရဲ့ အားကျချစ်ခင်မှုတွေကို အပြည့်အဝသိမ်းပိုက်ထားကြတဲ့ အနုပညာရှင်စုံတွဲလေးကို ပြောရမယ်ဆိုရင် အဆိုတော် G-Fatt နဲ့ နန်းဆုတို့ ချစ်သူစုံတွဲလေးကတော့ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီလွန်းကြတဲ့ စုံတွဲလေးတစ်တွဲပါပဲ..။

အားကျရလောက်အောင် တစ်ယောက်နဲ့တစ်ယောက် ချစ်မြတ်နိုးကြပေမယ့်လည်း ချစ်သူစုံတွဲလေးတွေကြား ချစ်စရာဓလေ့လေးတစ်ခုလိုဖြစ်နေတဲ့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ပုံစံတွေကလည်း နန်းဆုနဲ့ G-Fatt တို့ စုံတွဲလေးမှာလည်း မြင်တွေ့ရပေမယ့် ကြည်နူးစွာ ပြန်လည်တွေ့မြင်ရတဲ့ ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေအမြဲ သဘောကျနေကြတာလည်း ဖြစ်ပါတယ်နော်..။

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ကြည်နူးပျော်စရာ အချစ်ရေးလေးကို နှစ်ယောက်အတူ ဖြတ်သန်းနေကြတဲ့ G-Fatt နဲ့ နန်းဆုတို့ ချစ်သူစုံတွဲလေးကတော့ သြင်္ကန်မှာ နှစ်ယောက်အတူ ပျော်ခဲ့ကြသလို နှစ်ဆန်းတစ်ရက်နေ့လေးမှာလည်း နှစ်သစ်ကို အတူဖြတ်သန်းခဲ့ကြပါတယ်နော်..။

နှစ်သစ်ရက် နှစ်ဆန်းတစ်ရက်နေ့လေးမှာ ချစ်သူနှစ်ယောက်အတူ ဘုရားသွားကျောင်းတက်ကာ ကောင်းမှုကုသိုလ်လေးတွေ ယူခဲ့ကြပြီး ချစ်ခင်အားပေးနေကြတဲ့ ချစ်ရတဲ့အမာခံ ပရိသတ်တွေကြောင့်လည်း ကြည်နူးဝမ်းသာမှုလေးတွေ ဖြစ်ခဲ့ကြတာလည်း တွေ့ရပါတယ်..။

နှစ်သစ်အစမှာ ချစ်သူလေးရဲ့လက်ကလေးကိုတွဲပြီး နှစ်ယောက်အတူ ဘုရားမှာ ပဌာန်းရွတ်ဖတ်ပူဇော် ကုသိုလ်အတူယူခဲ့ကြသလို G-Fatt ရဲ့ အမာခံပရိသတ်တွေဖြစ်ကြတဲ့ we love g-fatt fan တွေကလည်း စုပေါင်းကုသိုလ်အလှူလေးတွေ ပြုလုပ်ပေးခဲ့ကြတာမို့ ကြည်နူးနေကြတာပဲ ဖြစ်ပါတယ်နော်..။

နှစ်သစ်ကုသိုလ်အလှူလေးအဖြစ် မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းမှာ အလှူငွေတွေ လှူဒါန်းကုသိုလ်ခဲ့ကြတဲ့ ဖန်တွေရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုလည်း G-Fatt က ချစ်ပရိသတ်တွေကို ကျေးဇူးတင်စကားလေးနဲ့အတူ ပြောပြထားပါသေးတယ်နော်..။

Photo – G-Fatt ၊ နန်းဆု

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။