ပရိသတ်ကြီးရေ...ရုပ်ရှင်ဗီဒီယို လောကမှာ တိုက်ကွမ်ဒို ခါးပတ်နက်ရရှိထားသူ အက်ရှင်မင်းသမီးဖြစ်တဲ့ ယဉ်လက်ကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်...။ ချစ်စဖွယ်မျက်နှာထားလေးနဲ့ အက်ရှင်ဇာတ်ကားကြမ်းတွေ ရိုက်တဲ့အတွက်ကြောင့်မလို့ အများနဲ့မတူတဲ့ ဆွဲဆောင်မှုလည်း ရှိနေတယ်လို့ပြောရမှာပါ...။ ခန္ဓာကိုယ်အချိုးအစားဟာဆိုရင်လည်း ပြေပြစ်ညီညာလှပြီး ပုရိသတွေရဲ့ တစ်ခဲနက်အားပေးမှုကို လက်ခံရရှိထားတာလည်းဖြစ်ပါတယ်...။ မြန်မာ့ရိုးရာ အဝတ်အထည်တွေကိုသာ မြတ်မြတ်နိုးနိုးဝတ်ဆင်လေ့ရှိပြီး ကျက်သရေအဖြာဖြာတိုး၍လှပနေတာဖြစ်ပါတယ်...။ သဘောထားပြည့်ဝတဲ့ ပြုမူဆက်ဆံမှုမျိုးကိုလည်း မြင်တွေ့ရမှာပါ...။

သူမဟာဆိုရင် ဗီဒီယိုဇာတ်လမ်းတွေသာမကဘဲ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သဘာဝကျကျဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ရိုက်ကူးခဲ့တာကိုမြင်တွေ့ရမှာပါ...။ ကြော်ငြာ၊မဂ္ဂဇင်းတွေမှာလည်း သူမရဲ့ အလှအပတွေ ချစ်စဖွယ် အမူအရာတွေကိုသာမြင်တွေ့ရမှာဖြစ်ပြီး အပြုံးချိုလေးတွေက တစ်ကယ့်ကိုစွဲမက်စရာပင်...။ ခရီးသွား၊ ရေကူးအစရှိသည့် ဝါသနာပါသူဖြစ်ပြီး ဓာတ်ပုံရိုက်ဝါသနာပါသူလည်းဖြစ်တာမလို့ မကြာခဏဆိုသလို အမှတ်တရ ပုံရိပ်တွေကိုမြင်တွေ့ကြရမှာပါ...။ ယဉ်လက်ဟာဆိုရင် အနုပညာဝါသနာကြီးမားသူဖြစ်တာမလို့ ပရိသတ်ကြီးအတွက် အမြဲကြိုးစားပေးနေသူဖြစ်ပါတယ်...။

ယဉ်လက်က ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း မြင်သူတိုင်းစွဲမက်စေလောက်တဲ့ မျက်ဝန်းအလှပုံရိပ်လေးတွေကို "ငါ့ရင်ဘက်ထဲကမျက်ဝန်းညို" ဆိုတဲ့ status လေးနဲ့တကွ သူမရဲ့ official facebook acc တွင် ထုတ်ဖော်တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင် ပြန်လည်ကူးယူမျှဝေပေးလိုက်ပါတယ်နော်...။

Source Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။