ချစ်စရာကောင်းတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဟန်နာယူရီက သူမတူတဲ့မိတ်ကပ် special effect တွေကို ပြင်ဆင်နိုင်တဲ့ professional မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်အနေနဲ့ သူမရဲ့ ဘဝကို ရပ်တည်လျက်ရှိပြီး ကိုယ်ပိုင် ပစ္စည်း တွေကို ထုတ်လုပ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် မိတ်ကပ်ပညာတစ်ခုတည်းကို သာမက နိုင်ငံတကာနဲ့ ပူးပေါင်းပြီး မော်ဒယ်မလေးအဖြစ် ကြိုးစားလုပ်ကိုင်နေတာကို မြင်တွေ့ရမှာပါ။ အသက်ငယ်ငယ်နဲ့ ကျွမ်းကျင်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်တာကြောင့် ပုရိသတွေရဲ့ အချစ်တွေကို ဖမ်းစားထားတဲ့ သူလေးတစ်ယောက်အဖြစ် ကိုရီးယားမလေးလို့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ကိုရီးယား မိတ်ကပ် ပုံစံပြင်ဆင်ခြယ်သမှုလေးတွေကို သူမရဲ့ စာမျက်နှာထက်မှာ အမြဲတင်ပေးနေကြဖြစ်တဲ့ ဟန်နာယူရီက တစ်ခါတစ်ရံမှာလည်း ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေကို ရိုက်ပြီး ပရိသတ်တွေအတွက် အမြဲတင်ပေးလျက်ရှိပါတယ်။ ယခုလည်း အပြောင်းအလဲ မြန်တဲ့ မိန်းမသားတွေရဲ့ ဘဝကို ဖော်ကြူးထားတဲ့ ဟန်နာရဲ့ ချစ်စရာကောင်းတဲ့ ဗီၤဒီယိုလေးကိုလည်း ပရိသတ်တွေအတွက်ပြန်လည်ဝေမျှလိုက်ရပါတယ်။

Source:Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။