လူငယ်ပရိသတ်တွေကြားမှာ တဖြည်းဖြည်းနဲ့ နာမည်ကြီးအောင်မြင်လာတဲ့ ဂျာမနီဖွား အဆိုတော် မစ်ကီကတော့ အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်လာရပြီ ဖြစ်ပါတယ်။ မြန်မာယဉ်ကျေးမှုကို နှစ်သက်ပြီး မြတ်နိုးတန်ဖိုးထားတဲ့ မစ်ကီက မြန်မာပြည်မှာ အခြေချနေထိုင်နေတာလည်း ဖြစ်ပါတယ်။ မြန်မာသီချင်းတွေလည်း သီဆိုတတ်တဲ့ မစ်ကီက မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အပြတ်အသတ် ရရှိထားသူ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးထားတဲ့ မစ်ကီက ပြီးခဲ့တဲ့သင်္ကြန်ပိတ်ရက်မှာတော့ ချစ်သူလေးနဲ့အတူ ငွေဆောင်ကမ်းခြေမှာ အနားယူအပန်းဖြေခဲ့ပါတယ်။ မြန်မာမလေးကို ချစ်သူတော်ထားရတဲ့ မစ်ကီက အတိုအပြတ်တွေဝတ်တာထက် မြန်မာဆန်ဆန် ဝတ်စားဆင်ယင်တာလေးကို သဘောကျသူလည်း ဖြစ်ပါတယ်။ အခုလည်း မစ်ကီက ကမ်းခြေရောက်နေတုန်းမှာ မြန်မြန်အသားညိုသွားအောင် နေပူထဲမှာ အင်္ကျီဗလာနဲ့ နေပူဆာလှုံနေတာ တွေ့ရပါတယ်။

မစ်ကီက " ကျတော် အသားမြန်မြန်ညိုပါစေကွာ " ဆိုပြီးပုံလေးတွေ တင်ထားသလို ချစ်သူလေး စုစုဝေကလည်း "သူကတော့ မည်းချင်လို့တဲ့ နေရောင်ခံ ကိုယ်ကတော့ မလိုတော့ဘူးလေ" ဆိုပြီး စုံတွဲလေးပုံလေးတွေကို တင်ပေးထားပါတယ်။ ကမ်းခြေမှာ အပန်းဖြေနေတဲ့ မစ်ကီတို့စုံတွဲလေးကတော့ တကယ့်ကို အားကျချင်စရာကောင်းလှပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မစ်ကီတို့စုံတွဲလေးရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Mikis Weber & Su Su Wai;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။