ဖြူစင်ပြီးချစ်ဖို့ကောင်းတဲ့ပုံရိပ်လေးတွေကြောင့်တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်တာကတော့မင်းသမီးချောလေးဖွေးဖွေးပဲဖြစ်ပါတယ်။သူ့ရဲ့ပီပြင်တဲ့ကာရိုက်တာတွေနဲ့တူတူဇာတ်ကားတစ်ကားလုံးကိုရသတွေအပြည့်ပေးနိုင်အောင်သရုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။သူ့ရဲ့ကြိုးစားမှုတွေကြောင့်လည်းအကယ်ဒမီဆုတွေရရှိပြီးအောင်မြင်နေတာဖြစ်ပါတယ်။

အနုပညာအလုပ်တွေကိုပရိသတ်တွေအတွက်အမြဲကြိုးစားရင်းနဲ့ပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားတာပါ။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်ရိုက်ကူးဖို့မကြာခဏကမ်းလှမ်းခံရပြီးသူ့ရဲ့ဇာတ်ကားတိုင်းကပရိသတ်တွေရုံအပြည့်အားပေးကြတာပါ။

ဖွေးစိန်လေးကတော့သူ့ကိုချစ်တဲ့ပရိသတ်တွေကိုလည်းအမြဲဂရုစိုက်ချစ်ခင်တဲ့သူတစ်ယောက်ပါ။မာနကင်းပြီးဖြူစင်တဲ့စိတ်ဓာတ်လေးတွေကြောင့်အနုပညာရှင်အသိုင်းကပါချီးကျူးချစ်ခင်နေကြတာပါ။ ဖွေးစိန်လေးဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့လေးမှာ အိမ်ကဘုရားကိုရောင်တော်ဖွင့်ကာကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ သူမဟာ ကားမတော်တဆမှုကြောင့် လက်မှာဒဏ်ရာရရှိထားတာပါ။ ဖွေးစိန်လေးရဲ့ရောင်တော်ဖွင့်နေတဲ့ဗီဒီယိုလေးကိုလည်း လူမှုကွန်ယက်စာမျက်နှာမှာဝေမျှထားတာပဲ ဖြစ်ပြီးပရိသတ်တွေလည်းကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။