အနုပညာလောကမှာ လူကြီးတစ်ယောက်အနေနဲ့ကော အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာတစ်ဦးဖြစ်တဲ့ လူမင်းကတော့ မြန်မာတစ်နိုင်ငံလုံးက ပရိတ်သတ်တွေနဲ့ ရင်းနှီးပြီးသား သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအောက်သက်ကြေသူတစ်ယောက်ဖြစ်တဲ့အတွက် သူ့ရဲ့ သရုပ်ဆောင်ချက်တွေက ပရိတ်သတ်တွေရဲ့ နှလုံးအိမ်ကိုဆွဲကိုင်လှုပ်နိုင်ပါတယ်နော်။

သူဟာ အနုပညာလောကထဲမှာ ဟိုးအရင်တစ်ခေတ်တစ်ခါကနေ အခုအချိန်ထိ အောင်မြင်မှုမှတ်တိုင်တွေကို စိုက်ထူထားနိုင်ခဲ့ပြီးတော့ အကယ်ဒမီဆုကြီးနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးချီးမြှင့်ပေးအပ်တဲ့Star Awardဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားခဲ့ပါတယ်နော်။ ဒါ့အပြင်သူဟာ လက်ရှိမှာ ပရိတ်သတ်တွေအားကျရလောက်တဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်နော်။

သူဟာဒီရက်ပိုင်းမှာတော့ မိသားစုလေးအတွက်အချိန်ပေးဖြစ်နေပြီးတော့ အခုတစ်ခါမှာလည်းချစ်ရတဲ့ ချစ်ဇနီးလေးနဲ့အတူ သားသားနဲ့ မီးမီးကို ခေါ်ကာ မိသားစုစုံစုံညီညီ စင်္ကာပူနိုင်ငံကို အလည်း အပတ်ထွက်လာခဲ့ပြန်ပါတယ်နော်။ အားလုံးအတူတူပျော်ပျော်ရွှင်ရွှင်နဲ့ စင်္ကာပူမှာ လည်ပတ်နေတာကိုတွေ့ရပြီးတော့ Marina Bayကိုလည်းရောက်ရှိခဲ့ပါသေးတယ်။ ကဲ... လူမင်းတို့မိသားစု ဘယ်လိုတွေတောင် ပျော်ပြီးလည်ပတ်နေခဲ့ကြလဲ ဆိုတာကြည့်လိုက်ကြပါအုန်း ချစ်ပရိတ်သတ်ကြီးရေ..... 

Source: Ayar Lu Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။