Kendall Jenner ဟာဆိုရင် အမေရိကန် မော်ဒယ်တစ်ယောက်ပဲဖြစ်ကာ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာတစ်ယောက်ဖြစ်တဲ့ Kylie Jenner ရဲ့အစ်မတစ်ယောက်ပဲဖြစ်ပါတယ်။ Kendall ရဲ့အသက်က ၂၃နှစ်ပဲဖြစ်ကာ Kylie ကတော့ ၂၁ နှစ်ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကိုလဲ ရုတ်တရက်ကြည့်ရင် ဆင်တူကာ လူမှားတက်ပါတယ်...ညီအစ်မတွေဆိုတော့လဲ တူကြတာပေါ့။ Kendall ဟာဆိုရင် ခုချိန်မှာတော့ 2019 မေလ Vogue Russia မဂ္ဂဇင်းအတွက် မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ 

Vogue မဂ္ဂဇင်းမျက်နှာဖုံးမှာပါဝင်ခံရတဲ့သူတွေဟာဆိုရင်လဲ တကယ့်ကို ဒိတ်ဒိတ်ကြဲတွေပဲဖြစ်ကာ နိုင်ငံအလိုက်ကွဲပြားသွားပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ အဲ့မဂ္ဂဇင်းမှာပါဝင်ခံရကတည်းက တော်တော်လေးကို အောင်မြင်တဲ့သူပဲဖြစ်ပါတယ်။ သူမဟာ Vogue မဂ္ဂဇင်းအတွက် မျက်နှာဖုံး Cover နှစ်ခုကိုရိုက်ခဲ့ပါတယ်။ ပြီးတော့သူမဟာ Vogue Paris, Vogue japan, Vogue China နဲ့ Vogue Brazil တို့မှာ မျက်နှာဖုံးကာဗာအဖြစ် မော်ဒယ်လုပ်ရန် အလေးပေးခံခဲ့ရပါသေးတယ်။ US Vogue မှာဆိုရင် ၃ခါတောင်သူမကို မျက်နာဖုံကာဗာအတွက် အလေပေးခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းဆိုရင်သူမဟာ သူမရဲ့စေ့စပ်လက်စွပ်ကို သူမကိုယ်တိုင်မရွေးချယ်ချင်းဘူးလို့ ပြောပြခဲ့ပါတယ်။ သူမဟာဆိုရင်လဲ ခုချိန်မှာ ဘက်စကတ်ဘောကစားသမားတစ်ယောက်ဖြစ်တဲ့ Ben Simmons နဲ့တွဲနေတာဖြစ်ပါတယ်။ သူမကိုလဲ အဲ့လိုစေ့စပ်ရင် ဘယ်လက်စွပ်ကိုရွေးမလဲလို့မေးခဲ့ကာ သူမကလဲ ကျွန်မကိုယ်တိုင်တော့ မရွေးတက်ဘူး မရွေးချယ်ခြင်ဘူးလို့ပြောပြခဲ့ပါတယ်။  

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။