ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် ကျော်ကျော်နဲ့ အဆိုတော်၊သရုပ်ဆောင် စိုးပြည့်သဇင်တို့နှစ်ယောက်ကတော့ လက်ရှိမှာ လူးလူးစိန်ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို အတူတူရိုက်ကူးနေကြတာ ဖြစ်ပါတယ်။ ဟန်ဆောင်မှုကင်းပြီး ပျော်ပျော်နေတတ်တဲ့ သူတို့နှစ်ယောက်က ရိုက်ကွင်းမှာ ဟာသတွေလုပ်တတ်ကြသလို ရုပ်ပြောင်လေးတွေနဲ့ Tik Tok ဗီဒီယိုလေးတွေကိုလည်း အတူရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ်။

အခုလည်း စိတ်ထားကောင်းတဲ့ သူတို့အနုပညာမောင်နှမနှစ်ယောက်က ရူတင်အဖွဲ့သားတွေအတွက် ဖုန်းနှစ်လုံးကို ကံစမ်းမဲဖောက်ပေးခဲ့ပါတယ်။ အတာသင်္ကြန်ပွဲကြီး ပြီးဆုံးသွားလို့ နှစ်သစ်ကူးအခါသမကို ရောက်ရှိလာပြီဖြစ်တာကြောင့် စိုးပြည့်တို့က နှစ်သစ်ကူးလက်ဆောင်အဖြစ် အဖွဲ့သားတွေကို မဲဖောက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကိုတော့ ကျော်ကျော်၊စိုးပြည့်နဲ့ ဒါရိုက်တာကြီးတို့သုံးယောက်ပေါင်းပြီး ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

စိုးပြည့်က " နှစ်သစ်ကူးလက်ဆောင်အဖြစ်..လူးလူးစိန်ရှုတင်အဖွဲ့သားများကို...ဒါရိုက်တာကြီးရယ်..ကိုကျော်ရယ်...စိုးပြည့်ရယ်က..ဖုန်းနှစ်လုံးမဲဖောက်ပေးကြတယ်..ကံစမ်းမဲဆိုတော့အဖွဲ့သားတွေလည်းရင်ခုန်ရင်တုန်ပျော်ကြတာပေါ့နော်..ဘယ်သူပေါက်မလဲဆိုတာကတော့.." အဖွဲ့သားတွေနဲ့အတူ ပျော်ပျော်ပါးပါး ကံစမ်းမဲဖောက်ပေးနေတဲ့ပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရူတင်အဖွဲ့သားတွေကို ဖုန်းနှစ်လုံးမဲဖောက်ပေးနေတဲ့ စိုးပြည့်တို့ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Soe Pyae Thazin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။