ကယန်းတိုင်းရင်းသူလေး နော်ဖောအယ်ထားကတော့ ချယ်ရီပန်းလေးလို နူးညံ့လှပတဲ့မျက်နှာလေးနဲ့ ရွှေရောင်အဆင်းရှိတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့အပြုံးလေးတွေ ညို့အားပြင်းလွန်းတဲ့ အကြည့်လေးတွေကြောင့် တစ်နေကုန်ထိုင်ကြည့်နေရင်တောင်မှ တစ်စိမ့်စိမ့်နဲ့ ရှုမဝအောင်လှရက်လွန်းသူလေးပါ။   

သူမကိုတော့ အူဝဲရဲ့ဖိုးဓီလေးက မျက်စိအောက်ကအပျောက်မခံနိုင်အောင်ပဲ အချစ်တွေပိုနေတာပါ။ ဖိုးဓီလေးဟာ အူဝဲရဲ့အငယ်ဆုံးသားလေးဖြစ်ပြီး အနုပညာရှင်များသာမကပဲ ပရိသတ်များကပါဝိုင်းချစ်နေကြတာပါ။ သူ့ရဲ့မျက်နှာလေးကလည်း အရမ်းကိုချစ်စရာကောင်းလွန်းပြီး မမမေတိုးခိုင်တို့ကပါအချစ်တွေပိုလွန်းနေရတာပါ။  

အခုတစ်ခေါက်မှာလည်း နော်ဖော်အယ်ထားနဲ့ ဖိုးဓီလေးတို့ရဲ့ပျော်ရွှင်စရာ ဗီဒီယိုဖိုင်လေးကို မေတိုးခိုင်ရဲ့ instagram myday လေးမှာတင်ထားတာပဲ ဖြစ်ပါတယ်။ ဒီလိုသိတတ်လွန်းတဲ့တူလေးတစ်ယောက်ရထားတာကြောင့်လည်း မေတိုးခိုင်တစ်ယောက်ကြည်နူးပီတိဖြစ်နေရတာပါ။ပရိသတ်ကြီးအတွက် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - May.tk7 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။