၂၀၁၂ ခုနှစ်ရဲ့ "Miss Myanmar" ဆုရှင်ဟောင်းတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ကောင်းတဲ့အတွက်ကြောင့်ပရိသတ်တွေရဲ့ ချီးကျုးလက်ခံမှုအများအပြားရရှိထားတဲ့ မော်ဒယ်လ်သရုပ်ဆောင် နန်းခင်ဇေယျာကိုသိကြမယ်ထင်ပါတယ်နော်...။ ဒါ့အပြင် "Myanmar Tourism" ရဲ့ ( (English & German) Tourist Guide အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်ပါတယ်...။ တိုင်းရင်းသူတစ်ယောက်ဖြစ်တာမလို့ စိတ်သဘောထားပွင့်လင်းရိုးသားပြီး လူတိုင်းအပေါ် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံတက်သူတစ်ယောက်ဖြစ်ပါတယ်...။ သွယ်လျကျစ်လစ်တဲ့ ခန္ဓာကိုယ်အချိုးအစားရှိပြီး social media လောကမှာ အမျိုးသားတွေရဲ့ ဝန်းရံအားပေးမှုအများဆုံးရရှိထားတာပါနော်...။

နန်းရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေ အတွက်လည်းလက်ခံရိုက်ကူးပေးနေရတာဖြစ်ပါတယ်...။ အခမ်းအနားဖွင့်ပွဲတွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို မကြာခဏဆိုသလိုမြင်တွေ့ကြရမှာပါ...။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ရေကူးကန်ထက်က အမိုက်စားပုံရိပ်တွေကိုလည်း ပြသလေ့ရှိတာဖြစ်ပါတယ်...။ စကားပြောချိုသာသူဖြစ်ပြီး နန်းဆန်တဲ့ အမူအရာလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ကိုလှုပ်ခတ်စေသူနိုင်သူတစ်ယောက်လို့ပြောရမှာပါ...။

နန်းခင်ဇေယျာက social media တစ်ခုဖြစ်တဲ့ facebook စာမျက်နှာကို အသုံးပြုလေ့ရှိသလို၊ အလားတူ လူသိများပြီး cele တွေ၊ အနုပညာရှင်တွေ တော်တော်များများအသုံးပြုတဲ့ Instagram ကိုလည်း အသုံးပြုသူတစ်ယောက်ဖြစ်ပါတယ်...။ ခေတ်မီသူတစ်ယောက်ဖြစ်တာမလို့ ပရိသတ်တွေအနေနဲ့ နန်းရဲ့ Instagram ပေါ်က အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုတွေကိုလည်း စောင့်မျှော်ကြည့်ရှုအားပေးကြရမှာ ဧကန်မလွဲပင်ဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးရေ...အခုတစ်ခါမှာလည်း ဘန်ကောက်ရှိကမ်းခြေလေးတစ်နေရာသို့ရောက်ရှိနေပြီး အမိုက်တက အမိုက်ဆုံး ပုံရိပ်တွေကို ထုတ်ဖော်ပြသလိုက်ပြီး နန်းကို အားပေးဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Nang Khin Zay Yar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။