ချစ်ပရိတ်သတ်ကြီးရေ.... လတ်တလောမှာဆိုရင် ပရိတ်သတ်ကြားမှာအရမ်းရေပန်းစားပြီး တစ်ခဲနက်အားပေးခြင်းကိုခံနေရတဲ့မော်ဒယ် သရုပ်ဆောင် မလေး ဟန်နာယူရီကို ပရိတ်သတ်ကြီးတွေလည်းသိမှာပါနော်။ အားလုံးရဲ့အချစ်တော်လေးလည်းဖြစ်သလို အရုပ်မလေးနဲ့ တူတဲ့သူမရဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ကိုရီးယားမလေးလို အရမ်းကိုလှပတဲ့အသားရေလေးကိုပိုင်ဆိုင်ထားသူလေးဖြစ်တဲ့အတွက် ပရိတ်သတ်တွေအချစ်ပိုနေခဲ့ရတာပါနော်။

အနုပညာနယ်ပယ်လေးထဲမှာလည်း သူမဟာ အခြေအတော်လေးကျပြီး နာမည်လေးလည်းရလာကာ စီနီယာသမားတွေရဲ့ နေရာပေးခြင်းကိုလည်းခံနေခဲ့ရပါတယ်နော်။ သူမဟာ လတ်တလောမှာတော့ နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ ခရီးလေးတွေကိုထွက်ဖြစ်နေတာတွေ့ရပါတယ်နော်။ ဒါ့အပြင် သူမရဲ့သူငယ်ချင်းဖြစ်သူ ဖိလစ်ပိုင်နိုင်ငံသား ကမ္ဘာကျော် Dancerလေးဖြစ်တဲ့ Ranz နဲ့ လည်းသွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။

သူမတို့ သူငယ်ချင်း ဖြစ်တဲ့ သက်တမ်းဟာ တစ်နှစ်ကျော်ကျော်လောက်ရှိနေပြီဖြစ်ပြီးတော့ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံ အနေဝေးပေမယ့်လည်း တကယ့်ငယ်ပေါင်းကြီးဖော်တွေလိုခင်မင်ခဲ့တာကြောင့် လအနည်းငယ်ခြားတစ်ခါတွေ့ဖြစ်ပြီးတော့ ဒီတစ်ခါနဲ့ဆိုရင်သူမတို့တွေ့တာ ၃ကြိမ်တိတိရှိခဲ့ပါပြီနော်။ နှစ်ယောက်စလုံးကလည်း ဝါသနာကိုအရင်းခံပြီးကြိုးစားနေကြတဲ့လူငယ်လေးတွေဖြစ်ကြပြီးတော့ ပြည်တော်ချစ် အနုပညာရှင်တွေလည်းဖြစ်ကြပါတယ်နော်။ ဟန်နာယူရီလေးက သူမသူငယ်ချင်းနဲ့အတူ အမှတ်တရရိုက်ထားခဲ့တဲ့ ပုံရိပ်လေးတွေကို သူမရဲ့လူမှုစာမျက်နှာပေါ်မှာတင်ထားခဲ့တာကိုတွေ့ရပါတယ်နော်။ကဲ... ချစ်ဖို့ကောင်းတဲ့ ဒီသူငယ်ချင်းလေးနှစ်ယောက် အခုထက်ပိုပြီးအောင်မြင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ကြပါအုန်းပရိတ်သတ်ကြီးရေ....

Source: Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။