ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် အဆိုတော်အနုပညာရှင်ကတော့ မကြာခင်ရင်သွေးလေး မွေးဖွားတော့မယ့် မိခင်လောင်းလေး စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ အဆိုတော်သရုပ်ဆောင် အနုပညာရှင်တစ်ဦးဖြစ်သလို ခင်ပွန်းနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ြဖ်တသန်းနေသလို မကြာခင်မှာလည်း ကြည်နူးစရာ မိသားစုဘဝလေးကိုလည်း ထပ်မံပိုင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်တဲ့ ပြည်သူချစ် အနုပညာရှင်ဖြစ်သလို စီးပွားရေးနဲ့ အိမ်ထောင်ရေးလေးမှာလည်း မလစ်ဟင်းပဲ အခုတစ်ခါမှာလည်း စီးပွားလုပ်ငန်းအဖြစ် Bar တစ်ခုကိုလည်း ထပ်မံဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်..။

မကြာခင်ဖွင့်လှစ်တော့မယ့် ဒီဒီးရဲ့ Bar ဆိုင်အသစ်လေးကတော့ “BART” Bar လို့ အမည်ေးပးထားပြီး ကုန်သည်လမ်းနဲ့ ၃၉လမ်းထိပ်မှာ ဖွင့်လှစ်သွားမှာမို့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ချစ်ပရိသတ်တွေကိုလည်း အသိပေးပြောပြလိုက်တာ ဖြစ်ပါတယ်နော်..။

မိခင်လောင်းလေး မဗိုက်တစ်ယောက်ကတော့ ဆိုင်အပြင်အဆင်လေးတွေ ဝိုင်းကူပေးရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေနဲ့ “မကြာခင်ဖွင့်တော့မည့်ဒီဒီတို့ရဲ့BART Bar မှာလာရောက်စီစဉ်ညွှန်ကြားနေတာပေါ့နော်

မကြာခင်ရက်ပိုင်း ကုန်သည်လမ်းနဲ့၃၉လမ်းထိပ်မှာဖွင့်တော့မှာမို့ဖွင့်ရင်ချစ်သူတွေအားလုံးလာခဲ့ကြပါရှင့်..” ဆိုပြီးတော့လည်း ဖိတ်ခေါ်ထာယးပါသေးတယ်နော်..။

ကဲ.. ချစ်ပရိသတ်ကြီးတွေကလည်း ဒီဒီးတို့ရဲ့ BART Bar လေးကို သွားရောက်လည်ပတ်ရင်း အားပေးကြဖို့ အသင့်ပါပဲ ပရိသတ်ကြီးရေ..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။