အင်ဒိုနီးရှားနိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပပြီးနောက် ဆန္ဒမဲများရေတွက်ရာတွင် လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုက ပြိုင်ဘက်များထက် ထောက်ခံမဲအသာစီးရရှိပြီး ဦးဆောင်နေတယ်လို့ သိရပါတယ်။

သို့ပေမယ့် ဒီမဲရလာဒ်ဟာ ရွေးကောက်ပွဲတစ်ခုလုံးရဲ့ မဲရလာဒ်မဟုတ်သေးဘဲ ကနဦးရလာဒ်အဖြစ်သာရှိသေးတာပဲဖြစ်ပါတယ်။

၎င်းကနဦး ရလာဒ်တွေအရတော့ သမ္မတ ဂျိုကို ဝီဒိုဒိုဟာ သူရဲ့ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောာင်း ပရာဘိုပို ဆူဘီယန်တို ရရှိတဲ့ မဲရာခိုင်နှုန်းထက် ၁၀ ရာခိုင်နှုန်းသာလွန်နေတယ်လို့ သိရပါတယ်။

အကယ်၍ လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုသာ အနိုင်ရရှိခဲ့မယ်ဆိုရင်တော့ သူဟာ သမ္မတရာထူးကို နောက်ထပ်ငါးနှစ်တာ ထပ်မံထမ်းဆောင်ရမှာပဲဖြစ်ပါတယ်။

ကနဦးကြေညာချက်များအရ ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့မှာ ရွေးကောက်ပွဲရလာဒ်တွေကို သိရှိရမည် ဖြစ်သော်လည်း ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ရလဒ် ထွက်ပေါ်မှုကို မေ ၂၂ ရက်ထိတိုင် ထုတ်ပြန်ကြေညာရန် ရည်ရွယ်ထားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။  

SOURCE - THE MIRROR DAILY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။