ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလောကထဲမှာ ငယ်ငယ်ရွယ်ရွယ် သွက်သွက်လက်လက်လေးနဲ့အောင်မြင်မှုမှတ်တိုင်တွေကိုစိုက်ထူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးပိုင်ဖြိုးသုကိုပရိတ်သတ်ကြီးသိကြမှာပါနော်။ သူမဟာ အကယ်ဒမီဆုကြီးနဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Star Awardဆုကြီးကိုလည်း ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီးတော့ အနုပညာပါရမီရှိသူလေးတစ်ယောက်လည်းဖြစ်ပါတယ်နော်။

သူမဟာ လက်ရှိမှာရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာကိုဆက်တိုက်ရိုက်ကူးနေရတဲ့အထိအောင်မြင်မှုတွေရရှိနေပြီးတော့ ခီဇနီးမောင်နှံတို့နဲ့တောင်ဒီနှစ်ထဲမှာ Now & Everရုပ်ရှင်ဇာတ်ကားကြီးကိုဖန်တီးနေခဲ့ပါသေးတယ်နော်။ အခုဆိုရင်သူမဟာ မင်းသမီးတစ်ဆယာက်တင် မကဘဲ အိမ်ထောင်ရှင်မလေးတစ်ယောက်ဖြစ်နေခဲ့ပြီး သူမကိုအရမ်းချစ် အရမ်းဂရုစိုက်တဲ့ ချစ်ခင်ပွန်း ကိုကိုဏကြီးကိုပိုင်ဆိုင်ထားရတဲ့သူလေးပါနော်။

ဒါရိုက်တာဏကြီးဟာ သုသုထက် အသက်(၉)နှစ်လောက်ကြီးတာကိုပရိတ်သတ်ကြီးသိမှာပါနော်။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီးလည်း သုသုက " မိမိထက်(၉)နှစ်တိတိကြီးသူကိုယူထားခြင်း၏အားသာချက်မှာ..... ဆံပင်မဆိုးထားချိန်တွင် အသက်၁၉နှစ်ကြီးသူ 'ဦး' နှင့်တွဲလာသည်ဟုလူအများကထင်ကြ၍... ဆံပင်ဆိုးပြီးခါစအချိန်တွင် အသက်မတိမ်းမယိမ်းဖြစ်သည့်'မောင်' နဲ့တွဲလာသည်ဟုအထင်ခံရပြီး.... ဆံပင်ဖြူတွေပြန်ထွက်စအချိန်တွင်တော့ အသက်၉နှစ်ကြီးသူ 'ကိုကို' နှင့်တွဲလာသည်ဟုအထင်ခံရပါလိမ့်မည်....ပုံ... မိမိကိုယ်မိမိever19ဟုမှတ်ယူထားသူဒေါ်သု" ဆိုပြီးတော့ အရွှန်းဖောက်ကာ သူမရဲ့ ခင်ပွန်းဖြစ်သူကို နောင်ပြောင်ခဲ့ပါတယ်နော်။ကဲ... ချစ်ပရိတ်သတ်ကြီးလည်း ဒီလိုအရမ်းကိုချစ်ဖို့ကောင်းတဲ့ သုသုတို့စုံတွဲလေး အိုအောင်မင်းအောင်ပေါင်းပြီး နောက်ဆုံးထွက်သက်ထိ အချစ်တွေပိုနေကြပါစေလို့ဆုတောင်ပေးလိုက်ပြါအုန်းနော်။

Source : Paing Phyo Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။