အပြုံးလေးတွေက အမြဲတမ်းဆွဲဆောင်မှုပိုလွန်းနေသူလေး ယုသန္တာတင်တစ်ယောက် လက်ရှိမှာတော့ အလည်အပတ်ရောက်ရှိ ကိုရီးယားနိုင်ငံရဲ့ World Natural Heritage,Sungsan Sunrise Peak ကို အလည်အပတ်ရောက်ရှိခဲ့တဲ့ သူမရဲ့ရင်ခုန်ဖွယ် ရာပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှ လိုက်တာပဲဖြစ်ပါတယ်။ အနီရောင်ဂါဝန်လေးနဲ့ အလှကြီးလှနေတဲ့ သူမရဲ့ပုံရိပ်တွေက ရင်ခုန်ချင်စရာပါပဲ။ ဖွေးဆွတ်ပြီး လှသွေးကြွယ် နေတဲ့ အသားအရေပေါ်မှာ အနီရောင်ဝတ်စုံလေးက ထင်းခနဲလှပလို့နေပါတယ်။

မကြာခဏဆိုသလို နိုင်ငံခြားခရီးစဉ်တွေသွားတတ်ပြီး ရင်ခုန်ချင်စရာပုံရိပ်တွေကို တင်တတ်တဲ့သူမက ဒီတစ်ခေါက်မှာလည်း ကိုရီးယားခရီးစဉ်မှာ ကိုရီးယားနိုင်ငံရဲ့ အလှတရားတွေအပြင် သူမရဲ့ရင်ခုန်ချင်စရာ ပုံရိပ်တွေကိုပါ ဝေမျှခဲ့ပါသေးတယ်။ သူငယ်ချင်းတွေနဲ့လည်း ခရီးအတူတူထွက်တတ်ပြီး ပျော်စရာကောင်းတဲ့အချိန်လေးတွေ ကို ကုန်ဆုံးတတ်ပါသေးတယ်။

အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်လုပ်နေပြီး သူမကိုချစ်ခင်အားပေးသူတွေ လည်း အများအပြားပါပဲ။ ရင်ခုန်ချင်စရာကောင်းတဲ့ အနီရောင်ဝတ်စုံနဲ့ သူမရဲ့ပုံရိပ်တွေကို " If u truly love nature, you will find beauty everywhere! " ဆိုပြီး တင်ထားတာပဲဖြစ်ပါ တယ်။ လှလွန်းတဲ့ ယုသန္တာတင်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။