Angelina Jolie နဲ့ Brad Pitt တို့ဟာဆိုရင် Mr & Ms Smith ဆိုတဲ့ကားကိုရိုက်ကူးနေချိန်တွင်းမှာ တစ်ယောက်တစ်ယောက် ချစ်ကြိုက်နှစ်သက်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လဲ လက်ထပ်ပြီး ၂နှစ်အကြား ၂၀၁၆ခုနှစ်မှာ အဆင်မပြေမှုတွေဖြစ်ခဲ့ကြကာ ကွားရှင်းခဲ့ကြပါတယ်။ သူတို့နှစ်ယောက်မှာဆိုရင်လဲ မွေးစားထားတဲ့ သားသမီးအပါအဝင် ကိုယ်ပိုင်ကလေးတွေနဲ့ဆို ၆ယောက်ရှိပါတယ်။ 

ပြီးခဲ့တဲ့အချိန်တွေတုန်းကတော့ ဂျိုလီဟာ သူယောကျ်ားဖြစ်သူ Brad Pitt ကို ကလေးတွေရဲ့နောင်ရေးအတွက် ပြန်လိုချင်တယ်လို့ပြောပြခဲ့ပါတယ်။ Jolie ဟာလဲ Brad ကိုချစ်လွန်းလို့ သူရဲ့နာမည်ကိုလဲ ခံယူခဲ့ပါတယ်.....ဒါပေမဲ့လဲ ကွာရှင်းလိုက်ပြီးဆိုတော့ သူမအတွက် အရာရာဟာ စိန်ခေါ်မှှုတွေဖြစ်ခဲ့ပါတယ်။ သူအတွက်မေးခွန်းကတော့ နောက်တစ်ခါထပ်ပြီးတော့များ လက်ထပ်အုန်းမှာလား နာမည်ကိုလဲ ထပ်ပြီးခံယူနေအုန်းမှာလားဆိုတာပဲဖြစ်ပါတယ်။ 

တချို့အရာတွေက ချစ်လွန်းလို့ပြုလုပ်ခဲ့ပေမဲ့ ကံကြမ္မာကြောင့် လွဲမှားကုန်တာတွေရှိတက်ပါတယ်။ ခုချိန်တော်တော်များများမှာတော့ Jolie ဟာ ကလေး၆ယောက်ဖြစ်တဲ့ Maddox, 16, Pax, 15, Zahara, 14, Shiloh, 12, နဲ့ အမွှားတွေဖြစ်ကြတဲ့ Knox နဲ့ Vivvienne, 10 တို့နဲ့အတူ အချိန်တွေကို ပျော်ရွှင်စွာဖြတ်သန်းနေခဲ့ပါတယ်။ ပြီးတော့ Disney ကလဲ သူမရဲ့ကားဖြစ်တဲ့ ‘Maleficent’ ကိုခုလာတော့မဲ လမှာပြသဖို့ပြုလုပ်နေပြီပဲဖြစ်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။