ရိုးရိုးယဉ်ယဉ်ပုံစံလေးတွေနဲ့ အများဆုံးတွေ့ရတတ်တဲ့ ပိုးကြာဖြူခင်တစ်ယောက် ]မြစ်ဆုံ မှာ ရိုက်ကူးထားတဲ့ သူမရဲ့အမှတ်တရပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်ကို ဝေမျှလိုက် တာပဲဖြစိပါတယ်။ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သူမကိုပရိသတ်တွေက သတိထားမိကာ အားပေးလာခဲ့ကြတာ အခုဆိုရင် အောင်မြင်စပြုနေပြီဖြစ်တဲ့ အနုပညာရှင် တစ်ဦးလည်းဖြစ်လို့နေပါပြီ။ အမြဲလိုလို ရိုးရိုးယဉ်ယဉ်ပုံစံလေးတွေပဲ ဝတ်တတ်ပြီး sexy ဆန်ဆန်ပုံရိပ်တွေကိုလည်း သူမက သဘောမကျဘူးလို့ဆိုပါတယ်။

အဝါရောင်ဂါဝန်လေးနဲ့ အရမ်းကိုချစ်စရာကောင်းလွန်းနေတဲ့ သူမရဲ့ပုံရိပ်လေးတွေက အသည်းယားချင်စရာပါပဲ။ ဖခင်ဖြစ်သူက သူမကို အိုက်တင်ပိုင်းသင်ပြပေးပြီး မိခင်ဖြစ်သူ ကတော့ သူမရဲ့လိုအပ်တာတွေအားလုံးကို လိုက်လံကူညီပေးတယ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူဆုံးပါးပြီး နောက်ပိုင်းမှာတော့ မိခင်နဲ့အတူ သူမရယ် သူမရဲ့မောင်လေးတို့ အတူတူစည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြတာပဲဖြစ်ပါတယ်။

သူမရဲ့ချစ်စဖွယ်အလှတရားပုံရိပ်တွေကို " Happy summer မြစ်ဆုံမှာ နေပူစာ လာလှုံ တာ " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မင်းသမီးလေး ပိုးကြာဖြူခင်ရဲ့ မြစ်ဆုံရောက်အလှတရားတွေကို ပရိသတ်ကြီးလည်း ထပ်တူမြင်တွေ့နိုင် အောင် ပြန်လည်တင်ဆက်ပေးလိုက်တယ်နော်။

Photo - Poe Kyar Phyu Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။