ပရိသတ်ကြီးရေ.. စူးရှထက်လို့ ဆိုလိုက်တာနဲ့ အမိုက်စား အကြမ်းစား Sexy ပုံရိပ်လေးတွေနဲ့ အားလုံးရဲ့ အသည်းတွေကို ခြွေယူထားတဲ့ မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေး စူးရှထက်ကို ပြေးမြင်မိမှာပါပဲနော်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် အထားကျကျ အကြမ်းစား Sexy ပုံရိပ်လေးတွေနဲ့ အချိုးဒအစားကျတဲ့ ခန္ဓာကောက်ကြောင်းအလှတရားတွေကြောင့်လည်း ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားနေသူလည်း ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်သလို မိသားစုအပေါ်သိတတ်လိမ္မာတဲ့ သမီးတစ်ယောက်ဖြစ်တဲ့ သူမကတော့ သင်္ကြန်မှာလည်း ပရိသတ်တွေနဲအတူ ရေကစားခဲ့ပြီး ရရှိခဲ့တဲ့ အနုပညာကြေးငွေလေးတွေနဲ့ မိခင်နဲ့ အစ်မဖြစ်သူကိုကိုကန်တော့ခဲ့ပြီး တူလေးတွေကိုလည်း မုန့်ဖိုးတွေပေးကာ မိသားစုကိုလည်း ပြန်လည်ကူညီထောက်ပံ့ခဲ့ပါသေးတယ်နော်..။

သင်္ကြန်မှာ ရေကစားခဲ့ကြတဲ့ ချစ်စရာအမိုက်စားပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး အခုတစ်ခါမှာလည်း အနုပညာကြေးလေးတွေနဲ့ မိဘနဲ့ အစ်မကို ကန်တော့ခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ပေပီလေးက ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်..။

“မိသားစုကို ပေးနိုင် ကမ်းနိုင်တဲ့

သားသမီး ဖြစ်ရတာနဲ့တင်

စူးရှအားလုံးကျေနပ်ပါတယ်

မဏ္ဍပ်ထိုင်လို့ရတဲ့ ငွေကြေးလေးနဲ့ ကန်တော့ဖြစ်တယ်

နားလည်ပြီး ချစ်ပေးတဲ့သူအားလုံးကိုလဲ ကျေးဇူးပါ..” ဆိုပြီး ကျေးဇူးတင်စကားလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို မျှဝေလိုက်တာပါ..။

နှစ်သစ်ကို ကောင်းမှုလေးတွေနဲ့ အစပျိုးနေတဲ့ ပေပီစူးရှထက်ရဲ့ ကြည်နူးသာဓုခေါ်စရာ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကြည်နူးသာဓုခေါ်နေကြတာမို့ မိသားစုပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်နော်..။

Photo - စူးရှထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။