ပရိသတ်ကြီးရေ Miss လောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်နေပြီး မော်ဒယ်လ်သရုပ်ဆောင် ရွှေအိမ်စည်ကို သိကြမယ်ထင်ပါတယ်နော်။ သူမရဲ့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပမှုကြောင့် ပုရိသတွေရဲ့ အသည်းစွဲ ဝန်းရံအားပေးမှုကိုလက်ခံရရှိထားတာဖြစ်ပါတယ်။ နိုင်ငံတာကာအဆင့်မှီတဲ့ အရပ်အမောင်းပိုင်းဆိုင်သူဖြစ်ပြီး မြင်သူတကာ ကြွေဆင်းသွားလောက်တဲ့ အပြုံးပါးချိုင့်ပိုင်ရှင် တစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ ချစ်စဖွယ် အမူအရာလေးတွေနဲ့ လူတိုင်းအပေါ် ရိုးသားပွင့်လင်းစွာ ပြုမူဆက်ဆံတက်တဲ့ စိတ်သဘောထား ဖြူစင်တာမလို့ တတိုင်းပြည်လုံးရှိ ပရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်။

ရွှေအိမ်စည်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး photo shotting တွေကိုလည်းအများအပြားလက်ခံရိုက်ကူးနေရတာဖြစ်ပါတယ်။ ပွဲလမ်းသဘင် အခမ်းအနားတွေ မှာလည်း ဖိတကြားခံရတဲ့ ထိပ်တန်းမြန်မာ့ဂုဏ်ဆောင် မယ်တစ်ဦးလည်းဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်းနေတက်သူဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်လည်းဖြစ်ပါတယ်။ Miss လောကမှာ နာမည်ကြီး လူကြိုက်များရုံသာမက မော်ဒယ်သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားတွေပြုလုပ်နေပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ရွှေအိမ်စည်က ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း မြန်မာဆန်ဆန်ဝတ်စုံလေးနဲ့ ရိုးရိုးယဉ်ယဉ်လှပနေပြီး "Happy Myanmar new year နှစ်သစ်မှာ လူသစ် စိတ်သစ် အချစ်သစ်တွေနဲ့ပျော်မယ်" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Shwe Eain Si 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။