Hailey Baldwin နဲ့ Scooter Braun တို့ဟာဆိုရင် JB တစ်ယောက် April 17မှာ ဆံပင်ညပ်လိုက်တယ်လို့ Instagram မှာြပောပြခဲ့ပါတယ်။ အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ JB ကလဲ သူရဲ့ရှည်နေတဲ့ဆံပင်တွေကို Bye Bye ဆိုပြီးနှုတ်ဆက်ခဲ့ပါတယ်။ ခုမှပဲ JB တစ်ယောက် အရင်လို ပုံစံနဲ့ပြန်လာတော့တယ်....သူ့ကိုကြည့်ရတာလဲ တော်တော်ကိုပျော်နေတာတွေ့ရမှာပါ။ 

သူ့ရဲ့သီချင်အသစ်ဟာဆိုရင်လဲ မကြာခင်အချိန်တွင်းမှာပဲ ပရိသတ်တွေဆိကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ သီချင်းကဘယ်လိုပုံစံလဲဆိုတာကိုတော့ မသိရှိရသေးပေးမဲ့လဲ ထွက်လာရင်တော့ ကောင်းနေမှာ သေချာပါတယ်။ သူလဲ သီချင်းမဆိုခဲ့တာ တော်တော်ကိုကြာခဲ့ပြီးဖြစ်ကာ သီချင်းအသစ်တွေလဲ မထွက်ဖြစ်တော့ပါဘူး။ သူကိုပြီးခဲ့တဲ့အချိန်တွေတုန်းက ပရိသတ်တွေက သီချင်းတွေမဆိုတော့ဘူးလားလို့မေးခဲ့ပါတယ်။  

သူကအဲ့ချိန်မှာတော့ သီချင်းတွေက သူ့အတွက် အရေးကြီးပေမဲ့လဲ မိသားစုနဲ့ သူ့ကျန်းမားရေးအခြေအနေလောက် ဘယ်ဟာကမှ ပိုပြီး အရေးမကြီးဘူးလို့ ပြောပြခဲ့ပါတယ်။ သူလဲ ကိစ္စတွေအားလုံးပြီးတဲ့အခါ သီချင်း Album အသစ်နဲ့အတူပြန်လာမယ်လို့ ပြောပြခဲ့ပါတယ်။ ခုချိန်မှာတော့ Album မထွက်သေးပဲ သီချင်းအရင်ထွက်မှာဖြစ်မှာမို့ ပရိသတ်ကြီး စောင့်မျှော်ခံစားပြီး သူရဲ့ New Hair Style ကိုလဲပြသလိုက်ပါတယ်။ 

Source : Hollywood Life

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။