90's Kids တွေကြားမှာ ရေပန်းစားခဲ့တဲ့ ညီမနှစ်ယောက်ကတော့ နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ်ရည်သောင်းပါပဲ။ ညီမနှစ်ယောက်စလုံး ငယ်ငယ် ရွယ်ရွယ်နဲ့ အနုပညာလောကထဲမှာ ကျင်လည်ခဲ့ပြီး ပရိသတ်တွေရှေ့ကနေ ခေတ္တ ခဏပျောက်ကွယ်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ညီမဖြစ်သူ အေးဝတ်ရည်သောင်းတစ်ယောက် အနုပညာလောကထဲမှာ ပြန်လည်ခြေချခဲ့ပေမယ့် အမဖြစ်သူ နှင်းဝတ်ရည်သောင်းကတော့ အင်္ဂလန် နိုင်ငံမှာ အလုပ်အကိုင် အတည်တကျနဲ့ ဘဝကို အေးအေးလူလူဖြတ်သန်းနေပြီပဲဖြစ်ပါတယ်။

ပရိသတ်အချစ်တော် ညီမနှစ်ယောက်ကတော့ အရင်အတိုင်းလှနေဆဲပါပဲ။ အနုပညာ အလုပ်တွေကို မလုပ်တော့ပေမယ့် သူမရဲ့ရင်ခုန်ဖွယ်ရာ ပုံရိပ် တွေကိုတော့ လူမှုကွန်ယက်မှာ အမြဲတမ်းဝေမျှလေ့ရှိပါတယ်။ လုံးကြီးပေါက်လှ မမနှင်းသောင်း ရဲ့အလှတရားကတော့ ယနေ့ထက်တိုင် ပြောစမှတ်တွင်စရာကောင်းနေဆဲပါပဲ။ သူမ ကိုယ်တိုင်လည်း အနုပညာအလုပ်တွေကို ပြန်လုပ်သင့်မလုပ်သင့်စဉ်းစားနေရင်းနဲ့ စီးပွားရေးဖက်ကို ဦးစားပေးလိုက်ပုံရပါတယ်ပရိသတ်ကြီးရေ။

လက်ရှိမှာတော့ သူမက အင်္ဂလန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေပြီး ရင်ခုန်ဖွယ်ရာ ပုံရိပ်တွေကိုတော့ " Surround yourself with people who allow you to blossom " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အချိန်တိုင်းမှာ ဆွဲဆောင်မှုတွေပိုနေတဲ့ နှင်းဝတ်ရည်သောင်းရဲ့ အမိုက်စားပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Hnin Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။