ပရိသတ်ကြီးရေ.. အနဓိယမင်းသမီးတစ်ယောက်လို လှသွေးကြွယ်ရက်လွန်းနေပြီး မြန်ဝတ်စုံဖက်ရှင်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူကတော့ မြန်မာနိုင်ငံသူလေးဖြစ်တဲ့ မန္တလေးသူ အိန္ဒိယနွယ်ဖွား Runway မော်ဒယ် Ashwarya Kumar @ အိအိန္ဒြောကျော်ပဲ ဖြစ်ပါတယ်နော်..။

ပြောစရာမလိုအောင်လှပတဲ့ မျက်လုံး မျက်ခုံး အသားအရေနဲ့ အမိုက်စား ခန္ဓာကိုယ်အချိုးအစားတွေပိုင်ဆိုင်ထားတဲ့ သူမကတော့ အမေရိကမှာ ပညာသင်ကြားနေရင်းနဲ့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတဲ့ အိအိန္ဒြောကျော်ကတော့ ဓာတ်ပုံကြော်ငြာတွေ ရိုက်ကူးကာ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားသူလေးဆိုလည်း မမှားပါဘူး..။

အနုပညာအလုပ်တွေကို အဆက်မပြတ်တောက်လျောက်လုပ်ကိုင်နေပြီး အချိန်တိုအတွင်းမှာအောင်မြင်နေတဲ့ ပြည်သူ့အချစ်တော် အိအိန္ဒြောကျော်ကတော့ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေနဲ့ ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တဲ့ မန္တလေးသူ အိန္ဒိယ နွယ်ဝင်လေးပါပဲနော်..။

အိန္ဒိယမင်းသမီးလေးတစိယောက်လို အလှကြွယ်လွန်းတဲ့ သူမကတော့ မြန်မာနှစ်သစ်လေးကိုလည်း ပါဝင်ဆင်နွဲှခဲ့ပြီး သြင်္ကန်မှာရေကစားရင်း စတုဒီသာအလှူလေးပြုလုပ်ခဲ့ပြီး နှစ်သစ်အလှူလေးအဖြစ် မိသားစုတွေနဲ့အတူ စုံစုံလင်လင် ကုသိုလ်ကောင်းမှုလေးတွေလည်း အတူ ပြုလုပ်ကုသိုလ်ယူခဲ့ပါသေးတယ်..။

မန္တလေးသူလေး Ashwarya Kumar @ အိအိန္ဒြောကျော်ကတော့ မိသားစုတွေနဲ့အတူ မြန်မာနှစ်သစ်မှာ သံဃာတော်များကို ဆွမ်းကပ်အလှူဒါနပြုခဲ့တာဖြစ်ပြီး ကြည်နူးစရာမိသားစုအလှူပုံရိပ်လေေးတွကိုလည်း ပရိသတ်တွေကို မျှဝေထားတာလည်း တွေ့ရပါတယ်နော်..။

“Burmese New Year with my beautiful family..” ဆိုပြီး မိသားစုအလှူပုံရိပ်လေေးတွကို ချစ်စဖွယ်လေး မျှဝေထားတာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြတာပဲဖြစ်ပါတယ်နော်..။

Photo - Ashwarya Kumar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။