ကိုးရီးယားမလေးလိုချစ်ဖို့ကောင်းတာဖြစ်ပြီး မောင်လေးတွေရဲ့ အသည်းနှလုံးကိုလှုပ်ကိုင်ညှို့ယူနိုင်ခဲ့တဲ့ မတ်မတ်နွယ်ဒါလီထွန်းဟာဆိုရင် အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်...။ Team 143 ရဲ့ "မတ်မတ်" သီချင်းဗီဒီယိုမှာ လူသိများကျော်ကြားခဲ့တာဖြစ်ပြီး ချစ်စဖွယ်အမူအရာလေးတွေကြောင့် ယောက်ျားပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ လက်ခံအားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်...။ ခန္ဓာကိုယ်အချိုးအစားဟာဆိုရင် အဆီပိုမရှိဘဲ ပြေပြစ်လှပတာဖြစ်ပြီး မိန်းကလေးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အလှတရားတွေကို သူမဆီမှာ အကုန်မြင်တွေ့နိုင်မှာပါနော်...။

နွယ်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း လက်ခံရိုက်ကူးလာရတာဖြစ်ပါတယ်..။ ရုပ်ရှင်ဇာတ်ကားတွေသာမက "အသည်းကွဲသာဓု" စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်လာပြီဖြစ်ပါတယ်...။ လူငယ်တစ်ယောက်ဖြစ်တာမလို့ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တက်သူဖြစ်ပြီး ခရီးသွားမှတ်တမ်းပုံရိပ်လေးတွေကိုလည်း အမြဲလိုလို တင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်...။ အသည်းယားစရာ အမူအရာလေးနဲ့ ချစ်ဖို့ကောင်းတဲ့အတွက်ကြောင့် ယောက်ျားလေးပရိသတ်တွေသာမက၊ မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်....။

မတ်မတ်နွယ် ဟာပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်....။ အခုတစ်ခါမှာဆိုရင်လည်း "ရာသီဥတုအရမ်းပူတယ်နော် ဟိုတယောက် ရေခဲရေတွေသိပ်မသောက်နဲ့" ဆိုတဲ့ status လေးနဲ့တကွ သူမရဲ့ အလှပုံရိပ်လေးတွေ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Nwe Darli Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။