အနုပညာရှင်ဆယ်လီတွေထဲမှာ အချစ်ဆုံး၊ အတွဲအညီဆုံး ပွင့်လင်းမှုတွေနဲ့ ချစ်စရာကောင်းတဲ့ BFF သူငယ်ချင်းတွေကို ပြောရမယ်ဆိုတော့ ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းတွေကို ပြောရမှာပါနော်..။

တစ်ယောက်နဲ့တစ်ယောက် အမြဲစနောက်ပျော်ရွှင် ကြည်နူးစရာ သူငယ်ချင်းပုံရိပ်လေးတွေကို အတိုင်းသားမြင်တွေ့ရတဲ့ BFF သူငယ်ချင်းတစ်စုဆိုလည်း မမှားပါဘူး..။

အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာလေးတွေနဲ့ ချစ်စရာကောင်းတဲ့ သူတို့သူငယ်ချင်းသုံးယောက်ကတော့ အမြဲသွားအတူ လာအတူနဲ့ အတွဲညီလွန်းတဲ့ သူငယ်ချင်တွေလည်း ဖြစ်ပါတယ်..။

ဒီနှစ်သင်္ကြန်ရက်မှာတော့ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးက နယ်မှာ ဖျော်ြဖေရေးရှိနေတာမို့ ကျော်ကျော်တစ်ယောက် ပျင်းပျင်းနဲ့ ရန်ကုန်မှာ ကျန်ခဲ့တာမို့ သူငယ်ချင်းတွေမရှိတဲ့ သင်္ကြန်ဟာ မုန့်လုံးရေပေါ်ကို အထဲမှာဘာမှမပါပဲ ဝါးနေရသလို ပျင်းတွဲတွဲနဲ့ အတော်ကြာတယ် ဆိုပြီးတော့လည်း သူငယ်ချင်းတွေကို လွမ်းနေတဲ့အကြောင်းလေးကို သူရဲ့ဖေ့စ်ဘွတ်မှာ ရေးသားပြောပြထားပါသေးတယ်..။

အခုတစ်ခုမှာတော့ ပြန်လည်တွေ့ဆုံနေပြီဖြစ်ကြပြီး အလွမ်းသယ်နေကြတဲ့ Live လေးအပြင် ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို မျှဝေထားတာမို့ ရယ်မောစရာလေးတွေနဲ့ သူတို့ရဲ့ Live လေးကိုလည်း ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြတာ တွေ့ရပါတယ်နော်..။

အခုတစ်ခါမှာတော့ ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက်အပြင် ဝေဠုကျော်နဲ့ အေးမြတ်သူတို့နဲ့အတူ ညစာစားနေကြနာမို့ လူစုံတတ်စုံလေးနဲ့ တကယ်ကို ပျော်ရွှင်စရာလေးပါပဲ ပရိသတ်ကြီးရေ..။

Photo - ဗရမ်းဗတာ bff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။