ချစ်ပရိတ်သတ်ကြီးရေ... မျက်နှာလေးကိုမြင်လိုက်ရုံနဲ့တင် နှလုံးသားထဲထိအေးချမ်းသွားအောင်ကို ရိုးရိုးရှင်းရှင်းအလှနဲ့ ဖမ်းစားယူနိုင်တဲ့ မင်းသမီးလေးကတော့ ယုသန္တာတင်ပဲဖြစ်ပါတယ်နော်။သူမဟာအနုပညာလောကမှာနေရာတစ်နေရာကိုပိုင်ပိုင်နိုင်နိုင်ရရှိထားပြီးတော့ သူမကိုအားပေးတဲ့ပရိတ်သတ်တွေဆိုတာ မြန်မာနိုင်ငံမှာအများကြီးပါပဲနော်။

အရမ်းကိုပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ထိမိတဲ့အိုက်တင်လေးတွေက ကြည့်ရှုတဲ့ပရိတ်သတ်တွေရဲ့ရင်ထဲကို ထိမိပြီး စွဲထင်ကျန်ရစ်တဲ့အထိခံစားရစေပါတယ်နော်။ သူမဟာ လတ်တလောမှာတော့အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်ပဲ နှစ်သစ်မှာ ခရီးလေးတွေထွက်ပြီး အစပြုနေခဲ့တာကိုတွေ့ရပါတယ်နော်။

အခုတစ်ခါမှာလည်း သူမဟာ သူမတူအောင်လှပတဲ့တောင်ကိုရီးယားရဲ့ အလှအပတွေကြားမှာရောက်ရှိနေခဲ့ပြန်ပါပြီနော်။ အရမ်းကိုလှတဲ့အသားအရေနဲ့ အာရှသူတစ်ယောက်ရဲ့ပေါ်လွင်တဲ့မျက်နှာလေးတွေက ကိုရီးယားမြေပေါ်က ကိုရီးယားမလေးအလားလို့တောင်ထင်မှတ်မှားစေနိုင်ပါတယ်နော်။ကဲ... ယုသန္တာတင်တစ်ယောက် ကိုရီးယား ရောက်တုန်းလေးဘယ်လိုတောင် ပျော်နေခဲ့လဲဆိုတာကို ကြည့်လိုက်ရအောင် ချစ်ပရိတ်သတ်ကြီးရေ....

Source: Yu Thandar Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။