လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ပြည်တွင်း လူနေအိမ်များနှင့်အတူ ရှေးဟောင်းဗုဒ္ဓစေတီတော်များ ပြိုကျပျက်ဆီးမှုတွေကတော့ များစွာရှိနေတာတွေ့ရပါတယ်။ လက်ရှိ ဧပြီလအတွင်းမှာလည်း ပြည်တွင်း မိုးသတ်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်မှုများစွာရှိခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတွေကလည်း မရေမတွက်နိုင်အောင် များပြားခဲ့တာတွေ့ရပါတယ်။ ဧပြီလ ၁၈ရက်နေ့ မနေ့က ညနေပိုင်းမှာလည်း လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄၇၀ ခန့်ပျက်ဆီးခဲ့ကြောင်း သိရပါတယ်။  

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး " မုံရွာခရိုင်အရာတော်မြို့နယ်ဝါးတန်းကျေးရွာအုပ်စုအပါအဝင်ကျေးရွာ(၇)ရွာ ယင်းမာပင် ဆားလင်းကြီးမြို့နယ်မှကျေးရွာများနှင့်ဝက်လက်မြို့နယ်မှကျေးရွာ(၁)ရွာရှိအိမ်(၄၇၀)ခန့်ပျက်ဆီးခဲ့ကြောင်း" စစ်ကိုင်းတိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးစ-ဝီလီဖရန့်ထံမှသိရတယ်။ `အရာတော်မြို့နယ်ဝါးတန်းကျေးရွာရဲ့အရှေ့ဖက်တန်းတန်း ငွေတွင်းရွာ ကျောက်ပျောက်ရွာ စတဲ့ကျေးရွာ(၇)ရွုလောက်လေပြင်းတိုက်တာခံလိုက်ရတယ်။ဝါးတန်းရွာကများများပျက်တယ်။မနေ့ကညနေ၆နာရီလောက်မှာ၃မိနစ်လောက်ကြာတဲ့လေဆင်နှာမောင်းတိုက်သွားတာပါ။မိုးသီးကျ မိုးရွာ လေပြင်းတိုက် အားလုံးဟာတစ်ပြိုင်တည်းဖြစ်တာပါ။လူနဲ့တိရစ္ဆာန်ထိခိုက်တာမရှိပါဘူး´´ဟုအရာတော်မြို့နယ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဝဏ္ဍကလည်း ပြောပြထားပါတယ်။  

ဧပြီလ(၁၈)ရက်ညနေ(၆)နာရီခွဲတွင်လေပြင်းတိုက်မိုးရွာရာ(၇)နာရီတွင်တပ်ရင်း (၃၆၉)မှအင်အား(၃၀)ခန့် လေ့ကျင့်ရေး(၁၀)မှအင်အား(၃၀) မီးသတ်နှင့်ထွေအုပ်မှအင်အား(၂၀)ရဲတပ်ဖွဲ့မှ(၂၀)အရပ်သား(၃၀)ခန့်စုပေါင်းကာပိတ်နေသည့်လမ်းများည(၈)နာရီတွင်စတင်ရှင်းလင်းရာည(၁၀)နာရီမှာလမ်းပြန်ပွင့်သွားကြောင်းအရာတော်မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိုက်ထွန်းထံမှသိရပါတယ်။ ဒီကနေ့ ဧပြီလ(၁၉)ရက်နံနက်ပိုင်းတွင်လေ့ကျင့်ရေး(၁၀)မှသင်တန်းသား(၁၁၀)ဦးအရာရှိ (၃)ဦး တပ်ရင်း(၃၆၉)ကအရာရှိ(၃)ဦး အင်အား(၃၀) ရဲတပ်ဖွဲ့က(၂၅)ဦး ထွေအုပ်မှ(၂၀)ဦး တို့ပူးပေါင်းပြီးလမ်းပေါ်နှင့်ကျေးရွာအတွင်းရှင်းလင်းရေးများဆောင်ရွက်လျှက်ရှိတာတွေ့ရပါတယ်။ ``အရေးပေါ်သုံးလို့ရအောင် တစ်မြို့နယ်ကို ကျပ် သိန်း(၁၀၀)စီကြိုတင်ချထားပေးတာရှိပါတယ်။သဘာဝဘေးအတွက် လူ-ကယ်-ပြန်ကသီးသန့် ပစ္စည်းနဲ့ထိခိုက်ပျက်ဆီးတာတွေအတွက် သတ်မှတ်ထားတဲ့ဘတ်ဂျက်အတိုင်းထောက်ပံ့ပေးနေပါတယ်။အထွေထွေအုပ်ချုပ်ရေးနဲ့ပူးပေါင်းပြီးကွင်းဆင်းစာရင်းကောက် ထောက်ပံ့ပေးနေပါတယ်။စစ်ကိုင်းတိုင်းအစိုးရအနေနဲ့ဖြစ်ပြီးနောက်ချက်ချင်းထောက်ပံ့ပေးနေတာပါ။´´ဟု လူမှုရေးဝန်ကြီးဒေါက်တာဇော်ဝင်းကပြောပြခဲ့ပါတယ်။

SOURCE -  dVb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။