အဆိုတော်မလေး ပိုပိုတစ်ယောက် သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို အမြဲလိုလိုလူမှုကွန် ယက်မှာ တင်တတ်သူတစ်ယောက်ပါပဲ။ ချစ်သူက စိတ်ကောက်ပြီး ရစ်တတ်တာမို့ အပျိုကြီးတို့ အလိုလိုက်ပြီး ချစ်နေရပုံပါပဲ။ သိပ်ချစ်တတ်တဲ့အပျိုကြီးနဲ့ အရစ်သန်တဲ့ချစ်သူ တို့ တွေ့ကြပြီပေါ့နော်။ သူမက သီချင်းသံစဉ်လေးတွေအပြင် သူမရဲ့ချစ်စဖွယ် အမူအရာ လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်တိုးစေသူလေးပါပဲ။

သီချင်းခွေတွေလည်းထွက်ရှိထားပြီး သူမကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေကလည်း တော်တော် များများပါပဲ။ ငယ်စဉ်ကတည်းက မိဘမေတ္တာ အပြည့်အဝမရခဲ့တဲ့ သူမအဖို့ တော့ ပရိသတ်တွေက သူမရဲ့မိသားစုပဲလို့ဆိုပါတယ်။ ပျော်ပျော်နေတတ်တဲ့ အပျိုကြီးက မကြာခဏဆိုသလို ပုရိသတို့ရဲ့ အနမ်းတိုက်ကွက်အောက်မှာ လက်မြှောက်အရှုံး ပေးရသူပါပဲ။ သဝန်တိုတတ်တဲ့ ချစ်သူလေးနဲ့တော့ အပျိုကြီးတို့ ဘယ်လိုချစ်စခန်း သွားမလဲတော့မသိဘူးနော်။

သူမရဲ့ရင်ခုန်ဖွယ်ပုံရိပ်တွေကို " အပျိုကြီးမမ ကို ချစ်စနိုးနဲ့ ခေါ်ပါ မတ်မတ် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အမြဲတမ်းပြုံးပျော်နေတတ်တဲ့ အပျိုကြီးကတော့ ဘယ်အချိန် ကြည့်ကြည့် ပေါ့းပါးနေတာပဲနော်။ ချစ်စရာကောင်းတဲ့ အပျိုကြီး မမရဲ့ အဖြူရောင်အင်္ကျီ လေးနဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။