Gigi Hadid ဟာသူမရဲ့တစ်ပတ်တာကို California, Indio မှာကျင်းပတဲ့ Coachella Valley Music And Arts ဆိုတဲ့ ပွဲတော်မှာ ပျော်ရွှင်စွာကုန်းဆုံးစေခဲ့ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့မှာဆိုရင်တော့ သူမဟာ ပြန်လာခဲ့ပါတယ်။ အရင်လိုပါပဲ သူမဟာ မော်ဒယ်တစ်မို့ အပြင်ကိုထွက်လာတဲ့ပုံစံတွေက တကယ်ကို ဖက်ရှင်ကျလွန်းပါတယ်။ အသက် ၂၃နှစ်ရှိပြီဖြစ်တဲ့ Gigi ဟာ ဗုဒ္ဓဟူးနေ့က အစိမ်းရောင် sweatshirt နဲ့ ဂျင်ဘောင်ဘီကို စတိုင်ကျကျဝတ်ကာ ထွက်ရှိလို့လာခဲ့ပါတယ်။ 

ပရိသတ်ကြီးပုံမှာတွေ့တဲ့အတိုင်းပါပဲ သူမရဲ့ဖက်ရှင် စတိုင်ကျနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် သူမရဲ့ဖက်ရှင်ခပ်လန်းလန်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒါပေမဲ့လဲ ခုအပတ်ဟာဆိုရင် သူမအတွက် အလုပ်အတော်များတဲ့ အပတ်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က သူမရဲ့ဓာတ်ပုံဆရာသူငယ်ချင်းဖြစ်တဲ့ Tonne Good ရဲ့ ဓာတ်ပုံစာအုပ်အတွက်လဲ အောင်ပွဲခံခဲ့ပါသေးတယ်။ 

သူမဟာလဲ Instagram ပေါ်ကိုနှစ်ယောက်အတူတူ ဓာတ်ပုံရိုက်ပြီး တင်ခဲ့ပါသေးတယ်။ ထို့အပြင် Instagram ပေါ်မှာ တခြားသော post တွေကိုလဲတင်ခဲ့ပါတယ်။ သူမဟာ မော်ဒယ်လောကမှာနာမည်ကြီးသလို သီချင်းတွေထဲမှာလဲ ပါဝင်ခဲ့ပါသေးတယ်။ သူမ ပါဝင်ထားတဲ့ သီချင်းတချို့ကတော့ Calvin Harris ရဲ့ How Deep is your love နဲ့ သူရဲ့ချစ်သူဟောင်းဖြစ်တဲ့ Zayn ရဲ့ Pillow Talk ထဲမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ သူမကို အားပေးကြမဲ့ ပရိသတ်ကြီးလဲ ရှိမယ်လို့ထင်ပါတယ်....။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။