စံမြန်းလို့ ဆိုလိုက်တာနဲ့ "ကျွန်မက မဟေသီ" ဇာတ်ကားမှာ တည်ငြိမ်ပြီးကျက်သရေရှိရှိ ကျော့ရှင်းလှပလွန်းပြီး ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ မင်းသမီးချောလေးကို ပြေးမြင်မိမှာပါနော်..။

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အားလုံးရဲ့ အသည်းကျော်လေး ဝင့်ယမုံနိုင်ကတော့ လတ်တလောမှာ ဗီယက်နမ်နိုက်ငံကို အခမ်းအနားပွဲကြီးတစ်ခု တက်ရောက်ဖို့အတွက် ရောက်ရှိနေတာ တွေ့ရပါတယ်..။

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ A Vie SHOW 25 Years of CRAZY GALA DINNER ကို Forever Group ကိုယ်စားပြုတက်ရောက်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်..။

ကြီးကျယ်ခမ်းနားသွာ ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားပွဲကြီးမှာလည်း မြန်မာမလေးတစ်ယောက်ရဲ့ ကျော့ရှင်းပြီး အေးချမ်းတဲ့အလှတရားတွေနဲ့ လှသွေးကြွယ် ပွဲလယ်တင့်ခဲ့တဲ့ စံမြန်းရဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ သဘောကျနေကြမှာ အမှန်ပါပဲနော်..။

မြင်သူတကာကို အမြင်အေးစေတဲ့ အလှတရားတွေနဲ့ မဟာဆန်ဆန်လှသွေးကြွယ်လွန်းနေတဲ့ စံမြန်းလေးကတော့ အခမ်းအနားပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် အလွမ်းပြေလေး မျှဝေထားပါသေးတယ်နော်..။

"ကျွန်မက မဟေသီ" ဇာတ်လမ်းတွဲလေး ပြီးစီးသွားပေမယ့်လည်း ချစ်ပရိသတ်တွေ အလွမ်းပြေစေဖို့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေပေးတာလည်း တွေ့ရတာမို့ ပရိသတ်တွေကလည်း အချစ်ပိုနေကြပါတယ်နော်..။

Photo - ဝင့်ယမုံနိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။