အနေဝေးတဲ့သူကို ချစ်သူမတော်သင့်တဲ့ အချက် ၆ ချက်

၁ - အဆက်အသွယ် ပုံမှန်မရခြင်း

technology ခေတ်ကြီးမှာ facebook တို့ viber တို့ကတစ်ဆင့်ဆက်သွယ်နိုင်ပင်မဲ့လည်း အပြင်မှာ မတွေ့ရတာကြာရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

၂ - ဖောက်ပြန်ခြင်း

တစ်ယောက်နဲ့တစ်ောက် ဝေးနေတဲ့အချိန်မှာ သင်မသိဘူးဆိုပြီး သူကဖောက်ပြန်နေနိုင်ပါတယ်။

၃ - အနာဂတ်မှာ အတူရှိဖို့ မရေရာခြင်း

တစ်ယောက်နဲ့တစ်ယောက် နောက်တစ်ခေါက်တောင် ဘယ်အချိန်တွေ့ရမလဲ မသိဘဲ အနာဂတ်မှာ ဘယ်အချိန်ကျ အတူရှိရမလဲ သေချာမှာ မဟုတ်ပါဘူး။

၄- ယုံကြည်မှု

သူကသင့်ကိုအတန်းသွားတက်မယ်ပြောပြီး သူငယ်ချင်းတွေနဲ့ အပြင်သွားနေတာလား။ လိမ်နေတာလား စသဖြင့် သင်အမြဲ သံသယပွားနေရမှာ ဖြစ်ပါတယ်။ လူတွေက အချိန်နဲ့အမျှ ပြောင်းလဲတတ်ပါတယ်။ ပြီးတော့ယုံကြည်မှုမရှိဘဲ relationship ကို မတည်ဆောက်နိုင်ပါဘူး

၅ - အချိန်ကွာခြားမှု

သင်ကမနက်နိုးပြီး သူမကိုဖုန်းခေါ်မယ် စဉ်းစားရင်တောင် သူမကအိပ်နေတုန်းလား မသေချာဘဲ ဖြစ်နေမှာပါ။ သူမအရေးကြီးလို့ ဖုန်းခေါ်ထားရင်တောင် သင်ကလုပ်ငန်းခွင်မှာ ဖြစ်နေပြီး ပြန်ခေါ်တဲ့အခါ သူမအတွက်က ဖြေရှင်းပြီး အိပ်ရာထဲတောင် ရောက်နေပြီဆိုရင် ကြာရင် အဆင်ပြေမှာ မဟုတ်ပါဘူး။

၆ - မလိုအပ်ဘဲ ဆုပ်ကိုင်ထားခြင်း

ကိုးရက်အတွင်းမှာ ၅ခါလောက် ရန်ဖြစ်နေမယ်ဆိုရင် အဆင်မပြေပါဘူး။ ပြန်အဆင်ပြေသွားရင်တောင် သင်တို့ နှစ်ယောက်လုံး ရန်ဖြစ်ရတာကို စိတ်ပျက်နေမှာပါ။ ၂ယောက်တကယ် အဆင်မပြေနိုင်ဘူးဆိုရင် ဆုပ်ကိုင်မထားဘဲ လက်လွှတ်လိုက်တာက ၂ယောက်လုံးအတွက် အဆင်ပြေမှာပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။