ပရိသတ်ကြီးတို့ရဲ့ အချစ်တော် မော်လ်ဒယ်သရုပ်ဆောင် စူးရှထက်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေနဲ့အတူ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်လာနေတာ တွေ့ရပါတယ်နော်..။

ပေပီလို့ အားလုံးက ချစ်စနိုးခေါ်ကြသလို အားပေးချစ်ခင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ စူးရှထက်ဟာ အခုတစ်ခါမှာလည်း သူမသရုပ်ဆောင်ထားတဲ့ သီချင်းကောင်းလေးတစ်ပုဒ်နဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

အဆိုတော် ထက်လျှံမှူးရဲ့ “မေ” ဆိုတဲ့ သီချင်းလေးမှာ ပါဝင်သရုပ်ဆောင်ထားပြီး ခံစားချက်တွေ အပြည့်နဲ့ သီချင်းကောင်းလေးအပြင် ချစ်စရာကောင်းတဲ့ ပေပီလေးရဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း ပရိသတ်တွေက သဘောကျနေကြတာ တွေ့ရပါတယ်နော်..။

အဆိုတော် ထက်လျှံမှူးရဲ့ “မေ” သီချင်းလေးမှာတော့ ထက်လျှံမှူး၊ စိုးထက်မင်းနဲ့ စူးရှထက်တို့က အတူ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပြီး သီချင်း MTV လေးကိုလည်း ပရိသတ်တွေအတွက် မျှဝေထားပါသေးတယ်..။

အမိုက်စားခန္ဓာကောက်ကြောင်းအလှတွေနဲ့ ပုရိသပရိသတ်တွေရဲ့ အသည်းတွေကို ဖမ်းစားထားတဲ့ စူးရှထက်ကတော့ အခုတစ်ခါမှာလည်း ချစ်စရာကောင်းတဲ့ သရုပ်ဆောင်မှုလေးတွေနဲ့ ပြည်သူပရိသတ်တွေကို အချစ်ပိုစေတာဆိုလည်း မမှားပါဘူးနော်..။

ဒီကနေ့လေးမှာတော့ ပေပီလေးရဲ့ ချစ်ပရိသတ်တွေအတွက်လည်း သီချင်းကောင်းလေးနဲ့အတူ သူမသရုပ်ဆောင်ထားတဲ့ MTV လေးကိုလည်း ပရိသတ်တွေအတွက် မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo - စူးရှထက်၊ ထက်လျှံမှူး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။