MFF Myanmar Futsal League 2017 ပထမအကျော့၏ နောက်ဆုံးပွဲစဉ်များ ပြီးဆုံးချိန်မှာတော့ Pyay United အသင်းက ရာသီဝက် ချန်ပီယံ အဖြစ် ရပ်တည် နိုင်ခဲ့ပါတယ်။

ပထမအကျော့ရဲ့ နောက်ဆုံးပွဲစဉ်တွေမှာတော့ အမှတ်ပေးဇယား ထိပ်ဆုံးသုံးသင်း စလုံး နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး အဆင့်လေး နေရာမှာတော့ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပါတယ်။ အဆင့် (၄) နေရာက Titans XII FC အသင်းက ရှုံးပွဲတွေ့ကြုံ ခဲ့ တာကြောင့် Yamonnya FC အသင်းက ပထမအကျော့ ပြီးဆုံးချိန်မှာ အဆင့်လေး နေရာနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Myoma FC အသင်းကလည်း ပထမအကျော့ ပြီးဆုံးချိန်မှာ ရမှတ် မရရှိသေးတဲ့ စံချိန်ကို ရရှိခဲ့ပါတယ်။

MFF Myanmar Futsal League 2017 ဒုတိယ အကျော့ ပွဲစဉ်တွေကိုတော့ ဧပြီလ ၂၆ ရက်နေ့မှာ ပြန်လည် စတင်မှာဖြစ်ပါတယ်။ ဒီပွဲစဉ်တွေကိုတော့ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှာ ကျင်းပနေတာ ဖြစ်ပြီး ကွင်းဝင် ကြေးကိုတော့ ၅၀၀ ကျပ် အဖြစ် သတ်မှတ်ထားပါတယ်။

Source - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။