RIO DE JANEIRO, Brazil - တရုတ်လူမျိုး ဒိုင်ဗင်ထိုးသူဖြစ်တဲ့ He Zi အတွက်တော့ သူမ၏ ချစ်သူ အိုလံပစ်ဆုရှင် Qin Kai က ဆုပေးတဲ့စတိတ်ပေါ်မှာဒူးထောက်ပြီးလက်ထပ်ခွင့်တောင်းခဲ့သောကြောင့် ဘယ်တော့မှမေ့လို့ရမှာမဟုတ်တဲ့ နေ့တနေ့လေးဖြစ်ခဲ့သည်။

သူမဟာဆိုရင် တနင်္ဂနွေနေ့မှာ မိန်းကလေး ၃မီတာ springboard အတွက်ငွေတံဆိပ်ရခဲ့ပြီး Qin ကတော့ အရင်အပတ်က ယောက်ျားလေး ၃မီတာ springboard မှာကြေးတံဆိပ်ရခဲ့တဲ့ သူတွေဖြစ်ပါတယ်။ ဒါပေ့မယ့် ပရိသတ်တွေကတော့ သူ့ရဲ့ထိုကဲ့သို့ လက်ထပ်ခွင့်တောင်းခြင်းနှင့်ပတ်သက်၍ သူ၏ သတ္တိရှိမှုကို ရွှေတံဆိပ်ပေးထားကြပါတယ်။

သူမ ၏ အဖြေက လက်ထပ်မယ်ဆိုတဲ့ အတွက်တော်တော်ကျေးဇူးတင်စရာကောင်းတယ်နော်။ ငြင်းလိုက်ရင်ဒုက္ခ။

'ကျွန်မတို့ တွဲနေတာ ၆နှစ်ကျော်ပေမယ့်လဲ သူဒီနေ့ကို ဒီလိုမျိုးလက်ထပ်ခွင့်တောင်းမယ်လို့မထင်ထားခဲ့ပါဘူး။' ဟုသူမရဲ့ လက်ထပ်လက်စွပ်လေးကို ကြွားပြီးတော့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

'သူကလေ စကားတွေအများကြီးပြောပြီး ကတိတွေလဲအမြဲပေးလေ့ရှိတယ်။ ကျွန်မကိုစိတ်လှုပ်ရှားစေပြီးခေါင်းညိမ့်ခဲ့တဲ့ အဓိကအကြောင်းအရင်းကတော့ ဒီလူကို တစ်သက်လုံးအားကိုးလို့ရမှာပဲလို့ ကျွန်မစိတ်ထဲမှာယုံကြည်နေလို့ပါရှင့်။' ဟူ၍လဲပြောခဲ့သေးသည်။

translated by Anna

Source: sports.inquirer

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။