မီးသွေးဟာဆိုရင် ထမင်းချက်၊ ဟင်းချက်အစရှိတဲ့ မီးဖိုချောင်သုံးနေရာတွေမှာသာမက အကျိုးပြုတာမဟုတ်ဘဲ လူသားတို့ကိုလည်း အကျိုးပြုကြောင်းလေ့လာသုံးသပ်ချက်များအရသိရှိရပါတယ်....။ မီးသွေးရဲ့ များပြားသောအသုံးဝင်မှုတွေကို သိပြီးတဲ့ပရိသတ်တွေလည်းရှိကြမှာပါ...။ ဒီထဲကမှ ပထမဦးဆုံး အသုံးဝင်မှုကတော့ အဆိပ်ဖြေတာနှင့် အစာအိမ်နာတာတို့အတွက် အသုံးပြုလို့ရတာတွေပဲဖြစ်ပါတယ်...။

ဒါ့အပြင် မီးသွေးကို အသုံးပြုပြီး ဒီထက်ကောင်းမွန်သော ထုတ်ကုန်တွေ ဖြစ်လာဖို့ကိုလည်း ရည်ညွှန်းနိုင်ပါသေးတယ်...။ မီးသွေးကို ကျေးဇူးတင်ရဆုံးသောအချက်ကတော့ စုပ်ယူနိုင်မှု ဂုဏ်သတ္တိ တွေများပြားခြင်း၊ ပရိသတ်တွေရဲ့ များပြားသော ကျန်းမာရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ခြင်း... ဥပမာ- သွားဘက်ဆိုင်ရာ ရောဂါများနှင့် နဖူးပေါ်က တင်းတိတ်ဝက်ခြံများ၊ အင်းဆက်ပိုးမွာများကိုက်ခြင်းကြောင့် ဖြစ်လာတဲ့ ယားယံခြင်းများကို ကုသပေးနိုင်မှာပါ..။

ပရိသတ်တွေကို မီးသွေးရဲ့ အဓိကအကျိုးကျေးဇူး (၇)ချက်ကို အကြမ်းဖျင်းအားဖြင့် ဖော်ပြပေးလိုက်ပါတယ်နော်...။ (၁) သွားများကို ဖြူဝင်းစေခြင်းနှင့် သွားပိုးစားခြင်းမှကင်းဝေးစေခြင်း (၂) ဆားဝက်ခြံနှင့် မှဲ့ခြောက်များကိုရှင်းလင်းပေးခြင်း၊ (၃) အင်းဆက်ပိုးမွှားများကြောင့် ယားယံခြင်းနှင့် အဖုအပိမ့်ထွက်ခြင်းကို သက်သာစေခြင်း၊ (၄) မှိုကြောင့်ဖြစ်ပွားစေသည့် ပျက်စီးခြင်းဆိုးကျိုးများကို အောင်မြင်စွာ တားဆီးနိုင်ခြင်း၊ (၅) ပရိသတ်တွေရဲ့ အသည်းနှင့် ကျောက်ကပ်တို့ အဆိပ်အတောက်ဖြစ်ခြင်းကို မီးသွေးမှထုတ်လုပ်သည့်ဆေးဝါးများက ကာကွယ်ပေးနိုင်ခြင်း၊ (၆) ဆံပင် သန့်ရှင်းခြင်းနှင့် တောက်ပြောင်နက်ရှိုင်းစေသည့် ထုတ်ကုန်ကို ပြုလုပ်နိုင်ခြင်း၊ (၇) အစာအိမ်ခြေဖျက်မှုစနစ်ကို ကောင်းစွာ အထောက်အကူပြုနိုင်ခြင်းတို့ဖြစ်ပါတယ်...။ အဆိုပါဖော်ပြသွားတဲ့ မီးသွေး ကုစားနည်းများက များပြားသော လူအများကို အကျိုးသက်ရောက်နိုင်တယ်လို့ဆိုနိုင်ပေမယ့် အရေးကြီးသတိပြုရမည့် အချက်ကတော့ ထိုနည်းလမ်းတွေက တစ်ကယ့်ကောင်းမွန်တဲ့ ဆေးဝါးနေရာမှာ အစားထိုးကုသနိုင်ရလောက်အောင်တော့ အရည်အချင်းမရှိပါဖူး...။ အကယ်၍များ လူကြီးမင်းတို့အနေနဲ့ ကျန်းမာရေး ပြသနာများကြုံတွေ့လာပြီဆိုလျှင် အဆိုပါနည်းလမ်းများထက် professional ကျကျ "medical treatment" များကိုခံယူသင့်ကြောင်းနှင့်၊ ဆရာဝန်များရဲ့ ကုသမှုကိုခံယူတာဟာ အကောင်းဆုံး ရွေးချယ်မှုလို့ သာတိုက်တွန်းပါရစေနော်...။ ကမ္ဘာအရပ်ရပ်က လူအများ ကြုံတွေ့ရရှိခဲ့တဲ့ မီးသွေးရဲ့ ကောင်းကျိုးနည်းလမ်းများကိုဝေမျှပေးတာဖြစ်ပြီး၊ ဆိုးကျိုးများလည်းရှိနိုင်ဦးမှာပါ...။ Myanmarload ပရိသတ်ကြီးလည်း မီးသွေးနှင့်ပတ်သက်၍ ကြုံတွေ့ရရှိခဲ့တဲ့ ကောင်းကျိုး၊ ဆိုးကျိုးမှန်သမျှကို သုံးသပ်ဝေဖန်သွားနိုင်ပြီး၊ ဗဟုသုတအနေနဲ့သာ တင်ဆက်ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source Bright Side 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။