အကယ်၍ သင်ဟာ တစ်ခါမှ လိင်မဆက်ဆံဖူးတဲ့ အပျိူစင် ဖြစ်နေရင်တောင် သင့်ရဲ့ ခင်ပွန်းဆီက လိင်အဂါၤ ကြွက်နို့ရောဂါ ပိုးကူးစက်နေိုင်ပါ တယ်။ ဒီရောဂါပိုးဟာ အရေပြား အချင်းချင်း ထိရုံနဲ့လဲကူးတတ်ပါတယ်။ ထိုးသွင်းဆက်ဆံတာမျိူးမရှိပေမယ့် ယောက်ကျား အင်္ဂါနဲ့ မိန်းမကိုယ်ကို ပွတ်တိုက်ရုံနဲ့တင် ရောဂါပိုးကူးစက်နိုင်ပါတယ်။ သင်အသက်နှစ်ဆယ့်ခြောက်နှစ် မပြည့်သေးဘူးဆိုရင် ကာကွယ်ဆေးထိုးပြီး လိင်အင်္ဂါကြွက်နို့ပိုး ကို ထိထိရောက်ရောက် ကာကွယ်ထားသင့်ပါတယ်။

နောက်ထပ်သတိထားသင့်တဲ့အကြောင်းအရာကတော့ ကိုယ်ဝန် မရအောင် အမျိုးသားရဲ့ သုတ်ရည်ကို အပြင်ထုတ်တဲ့နည်းပါပဲ။ ဒီနည်းလမ်းဟာ အပြည့်အဝစိတ်မချရပါဘူး။ သုတ်ရည်ဟာ မိန်းမကိုယ်ထဲ မဝင်ဘူးဆိုရင်တောင်မှ သုတ်ရည်မထွက်ခင် အရည် ကြည်တွေမှာ သုတ်ပိုး 30% ကျော်ပါဝင်နေတာမို့ ဒီအရည်ကြည်တွေဟာလည်း ကိုယ်ဝန်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် သန္ဓေတားချင်တယ်ဆိုရင်တော့ ကွန်ဒုံးသုံးပြီး ချစ်တင်းနှောတာ အဆင်ပြေဆုံးနည်းလမ်းပါပဲ။ ဒီနေရာမှာ ကွန်ဒုံးနှစ်ထပ်စွပ်ခြင်းဟာ ပိုပြီးလုံခြုံစိတ်ချရတယ်လို့ ထင်ရင်တော့ အမှားကြီး မှားသွားနိုင်ပါတယ်။ ချောဆီပါတဲ့ ကွန်ဒုံးတွေကို နှစ်ထပ်စွပ်မိတဲ့အခါ တစ်ခုနဲ့တစ်ခု လျှောပြီး ပေါက်သွားနိုင်ပါတယ်။ ဒီလိုအချိန်ကျရင်တော့ သင်မလိုချင်တဲ့ ကိုယ်ဝန်နဲ့ရောဂါပိုးတွေ ရသွားနိုင်တာမို့ နှစ်ထပ် စွပ်တာကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

သဘာဝမကျတဲ့နည်းလမ်းတွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။ ကိုယ်ဝန်မရချင်တာ ကြောင့် သဘာဝမကျတဲ့ ဆက်ဆံနည်းဖြစ်တဲ့ စအိုကို ဆက်ဆံမှုတွေ လုပ်ကြပါတယ်။ ဒီလိုဆက်ဆံပေမယ့်လည်း ကွန်ဒုံးမသုံးဖြစ်ရင် တော့ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါ တွေ ဆိုင့်မဆင့်ဗုံမဆင့် ရောက်ရှိလာမှာပါ။ သင်ဟာသန္ဓေတားဆေးကို လစဉ်ပုံမှန် သောက်သုံးနေသူဆိုရင်တော့ ဒီဆေးကိုမမေ့မလျော့သောက်သင့်ပါတယ်။ သင့်ဖုန်းမှာ ဆေးသောက်ရမယ့်အချိန်ကို Alarm ထားပြီး ဂရုတစိုက်နဲ့ သောက်ပေးပါ။ သားအိမ်ထဲ သန္ဓေတားပစ္စည်းထည့်ထားတဲ့ တချို့သော အမျိူးသမီး တွေမှာ ရှားရှားပါးပါး ဖြစ်ရပ် အနေနဲ့ ရေချိူးနေရင်းဖြစ်ဖြစ် ကိုယ်တိုင်တောင် မသိလိုက်မိဘဲ ပြုတ်ကျသွားတာမျိုးဖြစ် တတ်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်ထဲမှာ ကြိုးစလေး ပုံမှန်အတိုင်းရှိနေရဲ့လား ဆိုတာကို ကိုယ်တိုင်နေ့တိုင်းစမ်းသပ်သင့်ပါတယ်။ ဒီလိုနည်းလမ်းလေးတွေကို စနစ်တကျလုပ်ပေးမယ်ဆိုရင်တော့ လိင်ကတစ်ဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးတွေရန်ကို လည်း ပူစရာမလိုတော့ပဲ ကလေးမလိုချင်သေးတဲ့ ဇနီးမောင်နှံတွေ အတွက်လည်း အတော်လေးအဆင်ပြေစေမှာပါ။

Photo - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။