အထူးသဖြင့် မိန်းကလေးတွေ အနေနဲ့ အသက် ၂၀ ကျော် ၃၀ နားကပ်လာတာနဲ့ ဗိုက်က ပူစပြုနေပါပြီ ။ ခုခေတ် အနေထားအရ ခန္ဓာကိုယ်လှပစေတဲ့ နည်းလမ်းတွေက အများကြီးပါ ။ ဒါပေမဲ့ နေ့တိုင်းကော အဲဒီနည်း တွေကို လုပ်နိုင်ရဲ့လား အလုပ်တစ်ဖက် ကျောင်းတစ်ဖက် ဒီကြားထဲ လေ့ကျင့်ခန်းအတွက်ပါ အချိန်ပေးနေရတော့ စွဲစွဲမြဲမြဲ လုပ်နိုင်ပါမလား။ ဒီလိုမအားတဲ့ အတွက်ကြောင့်လည်း လေ့ကျင့်ခန်းလုပ်လိုက် ပြန်နားလိုက် ပြန်စားပြီး ဝိတ်က ပြန်တက်လိုက် ဖြစ်နေကြတာပေါ့။ 

အစာလည်း ဆေး ဆေးလည်း အစာ ဆိုသလို ကျန်းမာရေးအတွက်ရော ဝိတ်ကျဖို့အတွက်ပါ အသုံးဝင်တဲ့ သဘာဝ သီးနှံတွေ အများကြီးရှိပါတယ်။ ကျွန်မတို့ နေထိုင်ရာပတ်ဝန်းကျင်မှာ အလွယ်တစ်ကူ ရှာဖွေ တွေ့ရှိနိုင်တဲ့ ငွေကုန်လည်း သက်သာစေတယ် ဗိုက်ကိုလည်းချပ်စေမဲ့ juice တစ်ခွက် အကြောင်းကို ပြောပြပေးပါမယ်။ 

ဒါကတော့ Lemon တစ်လုံး၊ သခွာသီး အနေတော်တစ်လုံး၊ ဂျင်း လက်တစ်ဆစ်၊ရှားစောင်းလပတ် လက်နှစ်ဆစ်၊ နံနံပင် တစ်စည်း ၊ 250 ml ရှိတဲ့ ရေတစ်ခွက်ဆို ရပါပြီ၊ ကဲ အရင်ဦးဆုံး သခွားသီးကို အနေတော် အဝိုင်းလေး ဖြစ်အောင် လှီး ၊နံနံပင်ကို သေချာစင်အောင်ဆေး ၊ Lemon ကို အရည်ညစ်၊ ဂျင်း ကိုထောင်း၊ ရေတစ်ခွက် ကိုပါရောထည့် အရည်ဖျော်စက်နဲ့ ရောကြိတ် ၊ ရလာတဲ့ Juice ကို အိပ်ယာမဝင်ခင် သောက်ပေးခြင်းဖြင့် ကျန်းမာရေးအတွက်လည်း စိတ်ချရသလို ဗိုက်ကိုလည်း ချပ်စေပါတယ် နော် ။ တစ်လလောက်သာ စွဲမြဲသောက်ပေး ဗိုက်ချပ်စေမှာ သေချာတာပေါ့။ တစ်ခုတော့ ရှိတယ်နော် ညနေစာကို ထိုင်မရ ထမရေအောင် စားထားပြီးမှ ဒီ juice ကို သောက်ပြီးတော့ ဗိုက်မချပ်ပါလားလို့ ထင်မနေနဲ့ နော် ကိုယ့်အစားသောက်အနေထိုင်ကိုလည်း ဂရိုစိုက်ရမှာနော်။

ကဲဒီနေ့ကနေ စပြီး သောက်ကြည့်လိုက်ရအောင်နော် အချိန်ကုန်သက်သာစေတယ် ငွေကုန်သက်သာတယ်၊  

Source : youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။