အသက်၈လသာရှိသေးတဲ့ Xiao Baoကို ဦးလေးဖြစ်သူက သွေးအိုင်ထဲမှာတွေ့ခဲ့တာပါ။ ကံကောင်းစွာနဲ့ပဲ ဆေးရုံအမြန်ပို့နိုင်ခဲ့ပြီး အချက်တစ်ရာကျော်ကျော်ချုပ်ခဲ့ရပါတယ်။ ဒဏ်ရာရတဲ့အကြောင်းအရင်းကတော့ မိခင်ဖြစ်သူက နို့တိုက်နေရင် ကိုက်လို့ဆိုပြီး ကတ်ကြေးနဲ့ ခန္ဓာကိုယ်အနှံ့၊ အဓိက မျက်နှာနေရာမှာ အချက်ပေါင်းများစွာ ထိုးခဲ့တာပါ။ စုံစမ်းစ်ဆေးမှုတွေအရ မိခင်ဖြစ်သူဟာ စိတ်ရောဂါဝေဒနာခံစားရတာမျိုး မရှိဘူးလို့ဆိုပါတယ်။ 

Xiao Bao လေးက မိခင်ဖြစ်သူ၊ ဦးလေးဖြစ်သူနှစ်ဦးတို့နဲ့အတူ တရုတ်ပြည်အရှေ့ပိုင်း Jiangsu ပြည်နယ်မှာ နေထိုင်ပြီး ဦးလေးဖြစ်သူတွေက စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင်အသုံးချတဲ့ အလုပ်ကိုလုပ်တယ်လို့ဆိုပါတယ်။ မိခင်ဖြစ်သူဟာ နောက်ပိုင်းမှာ ကလေးကို ကတ်ကြေးနဲ့ထိုးခဲ့တာကို ဝန်ခံခဲ့ပြီး အိမ်နီးချင်းတွေက သက်ဆိုင်ရာအာဏာပိုင်တွေကို ကလေးကို ဒီမိခင်နဲ့အတူမထားဖို့တောင်းဆိုခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့သိရပါတယ်။

Source : tmzworldnews

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။