ပရဟိတမင်းသမီးလေးခိုင်နှင်းဝေဟာဆိုရင် လိုအပ်တဲ့နေရာတိုင်းမှာ အမြဲလိုလိုကူညီတတ်တဲ့ လူထုသူရဲကောင်းမလေးပါပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က ကင်ဆာရောဂါခံစားနေရတဲ့ ဇာတ်ပို့သရုပ်ဆောင် နွယ်နီကို ကင်ဆာဆေးတစ်ခါသွင်းဖို့ အလှူငွေခြောက်သိန်းနဲ့ တစ်နိုင်တစ်ပိုင်လေးရောင်းချနိုင်ရန် အကင်လှည်းလေးနဲ့ အကင်မျိုးစုံအပြင် တခြားလိုအပ်တာတွေပါ လှူဒါန်းခဲ့ပါသေးတယ်။

မွန်မြတ်လွန်းတဲ့ ပရဟိတမင်းသမီးလေးကြောင့် မနွယ်နီတစ်ယောက် မျက်ရည်မဆည်နိုင်လောက် အောင်ကို ဝမ်းသာပီတိဖြစ်လို့နေခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ကိုရီးယားနိုင်ငံက အလှူရင်တွေရဲ့ စုပေါင်းအလှူလေးဖြစ်တဲ့ ငွေကျပ် ၆၈၄၅၀၀ ကျပ်တိတိကို နွယ်နီ့ကိုထပ်မံသွားရောက်လှူဒါန်း ခဲ့တာပဲဖြစ်ပါတယ်။ ပရဟိတဆိုတာ ကိုယ့်ထမင်းကိုယ်စားပြီး အများအကျိုးသယ်ပိုးရတဲ့အလုပ်မို့ ကိုယ်ကျိုးစွန့်နိုင်တဲ့သူတွေနဲ့ စိတ်ထားမွန်မြတ်သူတွေပဲလုပ်နိုင်တဲ့အလုပ်ပါ။ 

သူမရဲ့အလှူပုံရိပ်လေးတွေကို " ရှေ့တပတ်က ဇာတ်ပို့ သရုပ်ဆောင် မနွယ်နီကို ကျွန်မ သွားရောက် လှူဒါန်းခဲ့သော အလှူလေးကိုမြင်ပြီး ကိုရီးယားနိုင်ငံရောက် ကြယ်စင်ကိုနှင့်သူငယ်များ အဖွဲ့မှ အလှူငွေကျပ် ၆၈၄၅၀၀ ကျပ်တိတိကို ယနေ့ ညနေတွင် ကျွန်မ သွားရောက်လှူဒါန်းပေးရင်း အားပေးစကားများလည်းပြောကြားပေးခဲ့ပါတယ်ရှင် မနွယ်နီက အခုဆို ကင်ဆာဆေး တစ်ကြိမ် သွင်းပြီးသွားပြီဖြစ်ပြီး ကျွန်မ သွားရောက်လှူဒါန်းထားသော အလှူငွေများကိုလည်း ဘဏ်အကောင့်ဖွင့် စုထားကာ ကျွန်မ လှူဒါန်းထားတဲ့ လှည်းလေးနဲ့လည်း အကင်မျိုးစုံကို ရောင်းချနေပါတယ်ရှင် ကျွန်မ အလှူလေးတွေလုပ်ရင် မီဒီယာ မောင်နှမတွေကို အမြဲ ဆက်သွယ်ပြီးမှ တူတူ သွားရောက်လှူဒါန်း ခဲ့တဲ့ အကျိုးတွေမို့ ကျွန်မနှင့်တကွ အမြဲ တူတူသတင်းလိုက်လံယူဆောင်ပေးတဲ့ မီဒီယာ မောင်နှမတွေအားလုံးကို လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထပ်တူဝမ်းသာစေနိုင်ဖို့ တင်ဆက်ပေးလိုက်တယ်နော်။

Photo - Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။