မိန်းမပျိုလေးတွေ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပမှုထဲမှာ တင်သားအလှဟာဆိုရင်လည်း အရေးကြီးတဲ့ အခန်းကဏ္ဏမှာပါဝင်နေပါတယ်...။ ၂၁ရာစုခေတ်ကြီးထဲမှာ ဝတ်စားဆင်ယဉ်မှု၊ နေထိုင်မှုတွေဟာဆိုရင် တဟုန်ထိုး တိုးတက်နေတာလည်းဖြစ်ပါတယ်...။ ထိုခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ သရုပ်မပျက်ဘဲ နေထိုင်တက်ဖို့ဟာဆိုရင် မိန်းကလေးတွေက၊ ယောက်ျားလေးတွေထက် ပိုပြီး အရေးတကြီးဂရုတစိုက် ရှိဖို့လိုအပ်လှပါတယ်...။ အမြင်မရိုင်းဘဲ ခေတ်နဲ့ လျောစွာ ကိုယ်ရဲ့ ခန္ဓာကိုယ် ကောက်ကြောင်း အလှအပတွေကို ဖော်ပြဖို့ဆိုရင် အတို၊ အပြတ်လေးတွေ ဝတ်ဆင်ဖို့ လိုအပ်ကြောင်း မိန်းမပျိုလေးတွေ အားလုံးသိပြီးကြမှာပါ...။ ဒါမှမဟုတ်လည်း မြန်မာဝတ်စုံလေးတွေနဲ့ ရိုးယဉ်စွာ ဆွဲဆောင်မှုရှိရှိ ဖော်ပြလို့ရပါသေးတယ်နော်...။

ထိုကဲ့သို့ ဖော်ပြရာတွင် "နဂိုရှိမှ နဂိုင်းထွက်မည်" ဆိုတဲ့စကားအတိုင်း ဂစ်တာရှိတ်လေးကဲ့သို့ body အချိုးအစားလေးရှိမှ အဆင်ပြေမှာပါနော်...။ ယခုဖော်ပြမည့် အကြောင်းအရာက အမျိုးသမီးတို့ရဲ့ အဓိက ဆွဲဆောင်မှုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ တင်သားအလှကို သဘာဝနည်းအတိုင်း စံချိန်မှီ တင်းရင်းပြည့်မောက်ဖို့အတွက် လေ့ကျင့်ခန်း လုပ်နည်းလေးတွေပဲဖြစ်ပါတယ်....။ လွယ်ကူစွာ လုပ်ဆောင်နိုင်ရင် လမ်းညွှန်ပုံလေးတွေနဲ့တကွ ပြသထားပြီး အကျဉ်းချုပ်ရေးသားဖော်ပြပေးလိုက်ပါတယ်...။

ပရိသတ်ကြီးတို့အားလုံး Victoria’s Secret မော်ဒယ်လ် "Adriana Lima" ကိုအားလုံးသိပြီးကြမှာပါ...။ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှဟာဆိုရင် ပုရိသတွေအားလုံး မူးမေ့သွား နိုင်အောက်လောင်ပင်...။ ထိုကဲ့သို့သော တင်အလှအပမျိုးရရှိအောင် လေ့ကျင့်ခန်းလုပ်နည်းများထဲတွင် အခုဖော်ပြပေးမယ့် "Rainbow Leg Lift"ဆိုတဲ့ "သက်တန့်ပုံစံ ခြေထောက်မနည်း" ပဲဖြစ်ပါတယ်...။ "သက်တန့်ကြီးတောင် ကွေးသွားမယ်"ဆိုတဲ့အတိုင်း ခြေထောက်လေးကို ဖြည်းညှင်းစွာ အပေါ်အောက်ကွေးပြီး မပေးရမှာဖြစ်ပါတယ်...။ ရှေးဦးစွာ သင့်ရဲ့ ခန္ဓာကိုယ်ကို အချိုးကျအောင် လေးဘက်ထောက်ထားရမှာပါ....။ ပြီးတဲ့အခါမှာ ကနဦးက ပြောသလို ဘယ်နဲ့ ညာကို တစ်လှည့်စီ ပုံစံကျကျ ကွေး၊ ဆန့်ထုတ်ပေးရမှာပါနော်...။ ၂၀ မိနစ်ခန့်လောက် ဆန့်ထုတ်ပေးပြီး အခါ ၂၀လောက်ပြုလုပ်ပေးရမှာပါနော်...။ အချိန်မှန်မှန်နဲ့ ဇွဲရှိစွာ လုပ်ဆောင်လျှင် ခဏအတွင်းမှာတင် အကျိုးသက်ရောက်စေမှာပါ...။ တင်သားအလှအပအတွက် စိတ်ညစ်နေတဲ့ မိန်းမပျိုလေးတွေကို အဓိကရည်ညွှန်းလျက်၊ လှပပြီးသား သူတွေကလည်း ဒီထက်မကလှပတင်းရင်းစေဖို့အတွက် ရည်ရွယ်ပြီး ကျန်းမာရေးဗဟုသုတအနေနဲ့ မျှဝေတင်ဆက်ပေးလိုက်ပါတယ်...။ ကဲအခုကစပြီး ပုံမှာ ပြထားတဲ့ လေ့ကျင့်ခန်း ပုံစံလေးတွေ အတိုင်းလုပ်သွားကြရအောင်.....။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။