အသက်ကြီးပင်မဲ့ လန်းနေသေးတဲ့ fashion တွေ

fashion ဆိုတာအသက်ကြီးတာငယ်တာနဲ့ မဆိုင်ဘဲ လန်းအောင်ဝတ်လို့ရတာ ဒီဖွားဖွားတွေရဲ့ ဓာတ်ပုံကို ကြည့်ရင် သိနိုင်ပါတယ်။ ဖွားဖွားတွေရဲ့ ဒီဇိုင်း အလန်းစားပုံတွေကို ကြည့်လိုက်နော်။

ဖွားဖွား Sarah-Jane Adams ဆိုအသက် ၆၁ ရှိပြီဖြစ်ပြီး သူ့ instagram မှာ follower ပေါင်း ကိုးသောင်းကျော် ရှိပါတယ်။ fashion ကသူ့အတွက် အရေးမကြီးဘဲ သူ့ဗီရိုထဲက အဝတ်အစားတွေကို စိတ်ခံစားမှုပေါ် မူတည်ပြီး ဝတ်ပါတယ်တဲ့။ သူကရေစီးကြောင်းတွေအတိုင်း သူများ ဝတ်သလို လိုက်မဝတ်ဘဲ ကိုယ့် စတိုင်နဲ့ကိုယ်ဘဲ ဖြစ်အောင် ဝတ်ပါတယ်လို့လဲ ပြောပါတယ်။ Linda Roden ဆိုတဲ့ ဖွားဖွားကတော့ ရိုးရှင်းတဲ့ ပုံစံကို နှစ်သက်ပြီး ကြည့်ကောင်းအောင်ဝတ်ရတာကို နှစ်သက်ပါတယ်တဲ့။ မိန်းကလေးတော်တော်များများက ဒီဖွားဖွားတွေကို ကြည့်ပြီး အားကျကျပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။