"နှလုံး"သည် လူ့ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက် "Blood Pump Machine" တစ်ခုလို့ဆိုရမှာပါ...။ သာမန် လူတစ်ဦးတွင် နှလုံးသည် နေ့စဉ် ပျမ်းမျှအားဖြင့် အကြိမ် တစ်သိန်းခန့် ခုန်ရပြီး...သွေးထုသည် ဂါလံ နှစ်ထောင်ခန့် ညှစ်ထုတ်ပေးတယ်လို့သိရှိရပါတယ်....။ လူ့သက်တမ်းတစ်လျှောက် မရပ်မနား စည်းချက်မှန်မှန် ညှစ်ထုတ်ပေးနေရပြီး အသက် ၇၀ အရွယ်ရောက်ပါက အကြိမ်ပေါင်း ၂.၅ ဘီလီယံကျော် ခုန်ခဲ့ပြီးဖြစ်ပါတယ်...။ ထိုကဲ့သို့ အချိန်ပြည့် လုပ်ဆောင်နိုင်ရန် နှလုံးကြွက်သားများအတွက် အောက်စီဂျင်နှင့် အဟာရများအား နှလုံးသွေးကြော "Coronary Arteries" များမှ ထောက်ပံ့ပေးရပါတယ်...။

အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြောများ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နှင့် အဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့သည့် အချိန်တွင် နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာများပေါ်ပေါက်လာပါသည်....။ ထိုလက္ခဏာများကို အကြမ်းဖျင်း အားဖြင့် ဖော်ပြပေးလိုက်ပါတယ်...။ အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်းများဖြစ်ပေါ်လာပါတယ်...။ ဒါ့အပြင် ပျို့အန်ခြင်း၊ အလွန်အမင်း ချွေးထွက်ခြင်း၊ အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း ဖြစ်ပေါ်လာပါက လူကြီးမင်းတို့အနေနဲ့ သတိထားဖို့လိုအပ်လာပါပြီ...။ အမေရိကန်နိုင်ငံတွင် လူဦးရေ ၃ သန်းမှ ၄ သန်းခန့်အထိ မည်သည့် အရိပ်လက္ခဏာမှ မပြသပဲ နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေကြရတဲ့ အတွက် အထူးစမ်းသပ်စစ်ဆေးချက်များ ပြုလုပ်ကြရမှာပါ....။

ECG ရိုက်ခြင်း၊ ရင်ခေါင်း ဓာတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံး အခြေအနေကို ကြည့်ရှုနိုင်ပါတယ်....။ သွေးအတွင်း ကိုလက်စထရော ပါဝင်နှုန်း စစ်ဆေးခြင်း၊ ဆီးချို သွေးချို စစ်ဆေးခြင်းတို့ဖြင့်လည်း နှလုံးသွေးကြောကျဉ်း ရောဂါကို ကြိုတင်ကာကွယ်နိုင်မှာပါ....။ စာဖတ်ပရိသတ်ကြီးတို့အနေနဲ့လည်း အစားအသောက် ရှောင်ကြဉ်ခြင်းအားဖြင့် ရောဂါဖြစ်စေနိုင်မှု ရာခိုင်နှုန်းကို လျော့ကျစေမှာပါ...။ ကိုလက်စထရော ကြွယ်ဝသည့် အစားအစာများကို ရှောင်ကြဉ်ပြီး... ရေ၊ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ အဆီဓာတ် နည်းသော နွားနို့၊ ငါး၊ ကြက်စတာတွေကို သန့်ရှင်းလတ်ဆက်အောင်ပြုလုပ်ပြီးစားသုံးရမှာပါ...။ ထို့အပြင် ဘဲ ကဲ့သို့ ဖြူသော အသားများ၊ ဂျုံ၊ ပြောင်း၊ လူး၊ ဆပ်ကဲ့သို့ နှံစားသီးနှံများကိုလည်း စားသုံးရမှာပါ...။ ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောအတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ် သင့်ပါတယ်...။ သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်လည်းလိုအပ်ပါတယ်...။ စိတ်ဖိစီးမှုမဖြစ်အောင် အတက်နိုင်ဆုံးပျော်ရွှင်စွာ နေထိုင်ရန်ဖြစ်ပြီး.....၊ သွေးတိုး၊ ဆီးချိုရောဂါများ ရှိပါက ရောဂါအတွက် ညွှန်ကြားထားသည်များကို လိုက်နာဆောင်ရွက်ရပါမည်....။ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေထိုင်မှုမျိုးရရှိအောင် "နှလုံးသွေးကြောကျဉ်းရောဂါ" နဲ့ပတ်သက်၍ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာစုံလင်ကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်....။

Source ဝီကီပီးဒီးယား 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။