လူရယ်လို့ ဖြစ်လာရင် စိုးရိမ်းပူပန်မှုတွေ ကအများသား။ဟိုအကြောင်းစဉ်းစား စိတ်ပူ ဒီအကြောင်းစဉ်းစား စိတ်ပူ အပူတွေ ပါပဲ။ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူကြပေမဲ့ စိတ်ပူပင်မှုများနေမယ်ဆိုရင်တော့ ရောဂါဖြစ်တဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။လူတစ်ယောက်မှာ စိတ်ကအဓိကလို့ပြောလို့ရသလို စိတ်ကြောင့်လည်း ရောဂါ ဖြစ်ရသလို စိတ်ကြောင်းလည်း သေဆုံးကြရတာတွေ ရှိပါတယ်။ ဥပမာ စိတ်ကျရောဂါကြောင့် ကိုယ့်ကိုကိုယ် သေကြောင်း ကြံစဉ်မှုတွေဟာလည်း မကြာခဏဖြစ်ပေါ်လည်းရှိပါတယ်။ 

စိတ်ပူပင်သောကများခြင်းကြောင့်လည်း ရုပ်ပိုင်းဆိုင်ရာလက္ခဏာများလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ပုံမှန်အားဖြင့် စိတ်နဲ့သက်ဆိုင်တဲ့ ခေါင်းကိုက်ခြင်း၊ ခေါင်းချာချာလည်မှုးခြင်း၊ ခန္ဓာကိုယ်အောက်ပိုင်း ထုံကျင်ခြင်း၊ဗိုက်နာခြင်း၊ အစာမကြေပျို့ခြင်း၊ ဝမ်းလျှောခြင်း၊ ပါးစပ်ခြောက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ဖြစ်ပေါ်စေနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ ရင်တုန်ခြင်း၊ နှလုံးခုန်မြန်နေခြင်း၊ ရင်ဘတ်အောင့်နေခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊ ချွေးထွက်များခြင်း၊ ဆီးမကြာခဏသွားခြင်း၊ယောင်္ကျာလေးတွေ အနေနဲ့ ပန်းသေပန်ညှိုးဖြစ်ခြင်း၊စတဲ့ ရောဂါဝေဒနာများ များသောအားဖြင့် ခံစားရနိုင်ပါတယ်။

တစ်ချို့သောလူတွေကတော့ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်သလို၊ စိတ်ကိုပြောင်းလဲစေနိုင်တဲ့ ဆေးများသုံးစွဲခြင်းကြောင့်လည်း ဖြစ်နိုင်သလို အဲဆေးတွေကို သုံးနေခြင်းကနေ ရုတ်တရက်ဖြတ်လိုက်ခြင်း ကြောင့်လည်း ဒီလိုဝေဒနာတွေ ခံစားရနိုင်ပါတယ်။

ource Dr U U Kyaw Tin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။